တစ်ဦးပိုင်နာမ်(၂၂)

626 92 13
                                    

အပိုင်း(၂၂)

ကံတရားအပါအဝင် ဘာကမှကိုယ့်ဘက်မပါတဲ့အခါ...ကံဆိုးမသွားရာမိုးလိုက်ရွာသလိုမျိုးအရာရာဟာ ဖြစ်ကတက်ဆန်းနိုင်လွန်းသည်။

မေ့ဆေးနှင့် စနစ်တကျမေ့စေခဲ့တာမဟုတ်သည့်အတွက် ဟိုဆော့ဟာထယ်ယောင်းတို့စကားတွေပြောနေစဉ် ကားထဲမှာပဲနိုးလာခဲ့သည်။ သွေးပူနေဆဲကာလမို့ ဟိုဆော့ဟာသူငယ်ချင်းတွေဘာတွေဂရုမစိုက် သူကကားထဲကအတင်းထွက်သည်။ ရှင်းပြနေသူ / နားချနေသူ သူငယ်ချင်းတွေ..ပြန်လာပေးပါ ထွက်မသွားပါနဲ့..မခံစားနိုင်လို့ပါတသွင်သွင်ပြော၍ငိုနေသူကိုလည်း အခုချိန်သနားစိတ်မဝင်နိုင်။ ကားထဲကအတင်းထွက်လိုက်ပြီး လမ်းမထက်ကိုပြေးရန်ပြင်တော့..

" ငယ့်! မောင့်ကိုသနားပါဦးကွာ~ "

အနောက်ပါးမှ ထွက်ပေါ်လာတဲ့အသံက ကိုယ့်ပါးကိုရိုက်ပြီး ဆုံးမချင်လောက်အောင်ရင်နာစရာကောင်းသည်။
ကိုယ်သည်လည်းချစ်ရသူပဲမို့ နာကျင်ရသည်။ နှလုံးသားအတိုင်းသာဆိုအနောက်ကိုလှည့်ပြီး ပြေးထွက်ဖို့ပြင်ထားတဲ့ခြေထောက်တွေနဲ့ မောင့်ဆီကိုအပြေးသွားဖက်လိုက်မိမှာ...။
ဒါမယ့် မာနနဲ့အတ္တက လက်မခံဘူးလေ..။

ဟိုဆော့သူ့ခေါင်းကိုအခါခါရမ်း၍ နားကိုပိတ်လိုက်သည်။
မကြားချင်တော့တာမို့ မကြားလိုတော့မို့လက်နှစ်ဖက်ကို ပီပြင်စွာနားပေါ်မှာပိတ်ထားလိုက်သည်။
မျက်ရည်တွေဖြတ်သန်းစီးဆင်းခံထားရသော နှုတ်ခမ်းတွေက* ဟင့်အင်း *ဆိုသည့်အငြင်းစကားကို ဂါထာရွတ်သလိုစွဲစွဲမြဲမြဲရွတ်ဆိုနေသည်။။

အင်း...အဖိုးအခါမလိုပဲကြေကွဲရေးဇာတ်ကိုကြည့်နေရသူ ဂျွန်းနှင့်ယွန်းဂီမှာလည်းမျက်ရည်အဝိုင်းသားနဲ့မခံမရပ်နိုင်ဖြစ်နေကြသည်။ ဘယ်သူ့အတွက်လဲဆို အဖြေကမရှိ။

" ငယ်..! အဲ့အကောင်ကကိုယ့်လောက်ငယ့်ကို မချစ်နိုင်ပါဘူးငယ်..! သူ့ဆီမသွားပါနဲ့..!"

ထိုစကားဟာ ထယ်ယောင်းအရမ်းပြောချင်နေသောစကား။ အမှန်တရားပဲမလား?။

အမှန်တရားဟူသည်ဘယ်အရာမှ ဟိုဆော့မသိ၊ သို့ပေမယ့် နားပေါ်ကလက်တွေကတာဝန်မကျေစွာထိုစကားကို နားဆီအရောက်ခံတော့ နားပေါ်ကဟိုဆော့လက်တွေက လက်သီးစုပ်အဖြစ်ပြောင်းလဲလာသည်။
ပါးစပ်မှ * ဟင့်အင်း* အစား တိတ်ဆိတ်မှုကဝင်လာပြီး ထိုနှုတ်ခမ်းပါးပါးလေးကိုတင်းရိသွားစေတယ်။
ရပ်တန့်နေတဲ့ ခြေလှမ်းတွေကထိုစကားကြောင့် ရှေ့ဆက်လျှောက်သွားပြီးမလှမ်းမကမ်းက အသီးတင်ကားတစ်စီးကိုရပ်‌စေပြီးထိုကားပေါ်ပြေးကာတက်သွားလိုက်သည်။ ရွာလည်းမဆိုတောလည်းမကျသည့်အရပ်ဒေသမို့ ကားလမ်းလည်းရှိပြီး ကုန်တင်ကားမျိုးတွေလည်းပေါသည်။ ဟိုဆော့တက်လိုက်သည့်ကားဟာ သေချာပေါက်ကားဂိတ်ကိုသွားမည့်ကားသာ။။။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now