တစ်ဦးပိုင်နာမ်(၂)

1.2K 140 11
                                    

အပိုင်း (၂)

" မင်း...မင်း! "

" ပြောလေ ချစ်လေး.."

" ထွက်သွားကွာ! ငါ့ရုံးထိဘာလို့လိုက်ပြီးနှောက်ယှက်နေရတာလဲ!"

ဟိုဆော့မျက်စိ‌ရှေ့မြင်ရတဲ့သူကြောင့်အတော်ကိုဒေါသတွေထိန်းမရသိမ်းမရဖြစ်လာသည်။
ဘာ့အတွက်လဲဆို ဟိုဆော့၏ရုံးအထိပါလိုက်ပြီး ဖွန်ကြောင်နေသည့်ဂျောင်ကုကြောင့်ပင်။
နေ့လည်နားချိန်လေးမှာ ချစ်လင်ဖြစ်သူထယ်ယောင်းနှင့်ဖုန်းပြောရန်ကြံရွယ်ထားခဲ့ပေမယ့် ခုတော့ထိုအကြံလေးဟာ‌ ဂျောင်ကုကြောင့်ရေစုန်မျောသွားခဲ့ရသည်။ 
အထုတ်ကြီးအထုတ်ငယ်တွေတပုံတခေါင်းဖြင့် ရုံးကိုလာ..။
ရုံးအတွင်းရှိဝန်ထမ်းတွေအား ထိုမုန့်တွေနဲ့လာဘ်ထိုးပြီး* ဟိုဆော့ကိုအပြင်ခေါ်သွားချင်လို့* ဟု ခွင့်တောင်းခဲ့သည်တဲ့လေ။
ရုံးကဝန်ထမ်းတွေကလည်း ဟိုဆော့ကိုသိပ်မထည့်ပေးချင်ကြပါဘူး ဟိုဆော့ရှိတဲ့အခန်းထဲဇွတ်တွေ ဂျောင်ကုကို* အဲ့မှာသူ့ကိုခေါ်သွား*ဆိုပြီး ဝိုင်းပို့ခဲ့ကြ‌! ။
အတော်ကောင်းတဲ့သူတွေ..။
သူတို့မျိုရစို့ရဖို့ဆို လင်ရှိနေတဲ့သူလည်း အငြိမ်မနေရ!ထိုးကြွေးခံရတော့တာပဲ!!..။

" ကိုယ့်ကိုရုံးကနေထွက်သွားစေချင်ရင်ချစ်လေးအပြင်လိုက်ခဲ့လေ.."

" မလိုက်ပေါင်ဘူး!"

" မလိုက်ဘူးလား!? မလိုက်ရင်ပွေ့ချီပြီးခေါ်သွားလိုက်မှာနော်.. လာပါဗျာ"

ဂျောင်ကုက ခုံမှာထိုင်ပြီးပုံကြမ်းဆွဲနေတဲ့ဟိုဆော့အနားသွားကာ ဟိုဆော့အလုပ်ခုံကိုသူ့လက်တွေနဲ့တီးခေါက်နေရင်းဆိုနေတယ်။
ဒါကို ဟိုဆော့ကမကြိုက်သဖြင့် သူ့ဘေးနားမတ်တပ်ရပ်‌နေတဲ့ဂျောင်ကုကို မော့ကြည့်ပြီး မျက်စောင်း‌ထိုးတော့သည်။

"  မင်းကလူမဟုတ်တဲ့ခွေးကောင်ပဲ! ငါအလုပ်လုပ်နေတယ်လေ ဘာလို့ခုံကိုတီးနေတာလဲ!"

" ချစ်လေးမှ ကိုယ်ခေါ်တဲ့နေရာမလိုက်တာ ခေါက်မှာပဲ ဘာဖြစ်လဲ?"

" မင်းကိုငါ--"

Duu~~~ Duuu~~📱📱📱

ဟိုဆော့ ဂျောင်ကုကိုမော့ကြည့်ပြီးပြောရတာ အားမရသဖြင့် သူနဲ့ယဉ်ထလိုက်ပြီးသူ့မျက်နှာကိုတည့်တည့်ကြည့်ပြီးပြောနေတုန်း ဝင်လာတဲ့phone callကြောင့်ပြောလက်စ စကားကိုရပ်လိုက်သည်။
နောက် ဖုန်းကိုကိုင်လိုက်သည်။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now