တစ်ဦးပိုင်နာမ်(၁၉)

596 86 18
                                    

အပိုင်း (၁၉)

"ငယ်တို့ ကွာရှင်းရအောင်မောင်~"

မျက်ဝန်းသေတွေနဲ့ ပြုံးရွှင်စွာ‌ပြောထွက်လာတဲ့ စကားလုံးတွေကိုထယ်ယောင်းမကြားသယောင်ရှိစေကာ ဟိုဆော့ကိုပြန်ပြုံးပြ၍..

" မောင်ဒီညအိမ်ကိုပြန်လာဖြစ်မှာမဟုတ်ဘူး အာ့ကြောင့်ဒီကောင်နဲ့ဆေးရုံကဆင်းလိုက်နော် မနက်မှမောင်စောစောပြန်လာမယ်~ မွ ချစ်တယ်"

"....."

ထိုသို့အဓိပ္ပာယ်အရာမရှိတဲ့ စကားတွေကိုပြောရင်း ဟိုဆော့နှုတ်ခမ်းကိုထိကပ်ရုံနမ်း၍ အခန်းထဲမှထယ်ယောင်းထွက်သွားသည်။

ဟိုဆော့ကတော့ သူ့စကားကိုအရေးမလုပ်သူကြောင့် ဘာကိုပင်ဆက်လုပ်ရမယ်မသိတော့။
ဟိုဆော့အနေနဲ့ ထိုစကားကိုရှိသမျှသတ္တိတွေနဲ့ အရဲစွန့်ကာပြောခဲ့ခြင်း။
အသည်းခိုက်အောင်နာလွန်းတဲ့ နာကျင်မှုကိုမြိုသိပ်ပြီးပြောခဲ့တာ။ ဒါကိုထယ်ယောင်းကအရေးမလုပ်ခါကျ သူ့မှာထပ်ပြောဖို့ဆိုတာဖြစ်နိုင်ခြေမရှိ။
သို့ပင်မယ့် ကိုယ့်အားယုံကြည်မှုမရှိသည့်သူနှင့်ဆက်၍မနေနိုင်တာမို့ ထပ်ကာကြိုးစားရအုန်းမည်။

" ဆေးသွင်းထားတာကုန်ရင် အိမ်ပြန်ကြမယ်နော် ဘေဘီ"

ဂျောင်ကု ထယ်ယောင်းထွက်သွားတော့ ဟိုဆော့ကုတင်အနားလာ၍ ဟိုဆော့ကိုနူးညံ့စွာပြောတော့ တုန့်ပြန်မှုကဂျောင်ကုထင်ထားသလိုမဟုတ်နေ။

" မင်းထွက်သွား! "

" ‌ဘာလို့လဲ~ ကိုယ်ဘာလုပ်လို့လဲ"

ဂျောင်ကု သူ့ကိုတောင်ကြည့်မလာပဲအော်လိုက်တဲ့သူကို ပြန်မအော်ဘဲ ပြေပြေလည်လည်ဖြင့် ဟိုဆော့လက်ကိုကိုင်ပြီးချော့မော့ကာ ဖြေရှင်းမယ်ပြုတော့ ဟိုဆော့ကဂျောင်ကုလက်ထဲက သူ့လက်ကိုဆွဲထုတ်သွားသည်။ ပြီးတော့ ဟိုဆော့ကမျက်ရည်တွေကျလာပြီး...

" မင်းကိုငါအပြတ်ပြောမယ် ငါမင်းကိုမချစ်ဘူး! မင်းနဲ့လည်းမနေနိုင်ဘူး ဟင့့့်မင်းကိုမုန်းတယ်!"

" ဘေဘီ! စကားကိုဆင်ခြင်ပြောပါ.! ကိုယ့်ကိုစိတ်တိုအောင်လာမလုပ်နဲ့.."

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now