အပိုင်း (၁၈)
တရိပ်ရိပ်ထွက်နေသော အငွေ့ဖြူဖြူတွေကို မျက်တောင်များမှေးစင်းကာ အရသာခံကြည့်ရင်း မလိုလားတဲ့မျက်ရည်တွေကိုဂျီမင်ဆေးလိပ်ကိုင်ထားတဲ့လက်ဖျံနဲ့ နာနာပွတ်ကာ သုတ်ပစ်လိုက်သည်။
တဖြည်းဖြည်းလူလုံးထွက်လာတဲ့ဗိုက်လေးကို မသိသလိုနေ၍ ခါးသက်မှုတွေပေးနိုင်တဲ့ ဆေးလိပ်ကိုသာသဲကြီးမဲကြီးရှုရှိက်ပစ်လိုက်တော့ တင်းကျပ်လာတဲ့ရင်အစုံ။
နောက်တော့ နားညီးဖွယ်ချောင်းဆိုးသံတွေက မီးခိုရောင်အခန်းထဲပျံ့လွင့်လာတယ်။"အဟွတ်!အဟွတ်..!"
ချောင်းတွေပိုဆိုးလာတော့ ဂျီမင်ဆေးလိပ်ကို ရှေ့ကပြာခွက်ထဲထည့်လိုက်ပြီး စားပွဲပေါ်ကအပြင်းစားအရက်ဆီကို လက်လှမ်းယူလိုက်သည်။
ပြီး အဝကျယ်ခွက်ထဲကို အပြည့်မောက်မောက်ထည့်ကာ တချိုက်တည်းသောက်လိုက်တော့ လျှော်လျှော်ရွှင်ရွှင်အရက်တွေကလည်ချောင်းထဲပူနွေးကာစီးဝင်သွားသည်။
နောက် ဂျီမင်ကကုန်သွားတဲ့ခွက်ကို..#ခွမ်း!
" အင့်ကွာ! စိတ်ပျက်စရာတွေ!!"
ဒေါသနှင့်နံရံကိုပစ်ပေါက်လိုက်တဲ့ ဖန်ခွက်လေးမှာ အစိတ်စိတ်အမွှာမွှာနဲ့ မြင်မကောင်းစွာ။
သို့ပေမယ့် ချစ်ရသူထံပါးမှကိုယ့်အတွက် ပုံပေးလိုက်တဲ့ နာကျင်ဖွယ်စကားတွေ..ငြင်းပယ်တွန်းပို့ခြင်းတွေထက်တော့ ထိုအကွဲအစများကကြည့်ကောင်းပါဦးမည်။ဂျီမင်ထိုင်ခုံကိုနောက်လှန်လျှောမှီကာ မျက်လုံးတွေမှိတ်ပြီး မနေ့ကသူ့အားအတင်းနှင်လွတ်တဲ့ဂျောင်ကုပုံစံကိုပြန်မြင်ယောင်ကြည့်မိသည်။
အို... ပြန်တွေးလိုက်ရင်တောင်နာကျင်ဖို့ကောင်းတယ်။။*******
ထယ်ယောင်းကားထဲမှာပဲ ငိုနေရင်းအိပ်ပျော်သွားမိ၍ အချိန်မနက်(၈)နာရီမှ နိုးလာခဲ့သည်။
နိုးနိုးချင်းမျက်လုံးနှစ်ဖက်ကို ပွတ်၍ကားသော့ကိုဖွင့်ကာ အလုပ်ဆီကိုသွားလိုက်သည်။
အလုပ်ကို ရောက်တော့ကားကိုအလုပ်ရှေ့မှာပဲထိုးရပ်လိုက်ပြီး အလုပ်ထဲဝင်တော့..." ထယ်ယောင်း~ "
"....."
" သူဌေးကလေ အခုဆောက်နေတဲ့အဆောက်အဦးကိုအမြန်အပြီးသတ်ဖို့ ညဆိုင်းဆင်းတဲ့နေရာမှာ နင့်ကိုကြီးကြပ်စေချင်တယ်တဲ့ ခုနကနင့်ကိုဖုန်းဆက်မရလို့ဆိုပြီး ငါ့ဆီဆက်လာတာ..။"