တစ်ဦးပိုင်နာမ်(၂၁)

595 87 8
                                    

အပိုင်း(၂၁)

ဆွဲထားတဲ့လက်တွေ မမြဲနိုင်တော့တဲ့အတွက် တွန့်ဆုတ်မှုတွေနောက်ထားပြီး နာနာကျင်ကျင်လက်လွှတ်လိုက်တယ်ငယ်~ မောင်ခံစားရတာထက်ငယ်ပျော်နေဖို့ကအရေးကြီးပါတယ်....

ပန်းက‌လေးတွေထက် ပိုလှပြီး.. ကြယ်လေးတွေထက်ပိုတောက်ပပြီး..လေပြေကလေးတွေထက် ပိုနူးညံ့နေတဲ့ငယ်က မောင့်အပေါ်ပိုပြီးလည်း ရက်စက်တယ်နော်~ ဒါပေမယ့် မောင်ကငယ့်ရဲ့အလိုကျပါပဲ။

လက်ထဲကစာချုပ်လေးကို ကိုင်ပြီးမျက်ရည်ကျနေသည်က ကြည့်လို့တော့ကောင်းမနေ။
လူနာမရှိ‌တော့သော အခန်းလေးထဲကျဆင်းနေဆဲမျက်ရည်တွေကို လက်လေးနဲ့အမှီလိုက်သုတ်ပေမယ့် မျက်ရည်တွေကတအားများလွန်းသည်။ လက်လေးတောင် ညောင်းရပါ၏။
ဖြစ်နိုင်ရင်လေဆိုပြီး တွေးတောလိုက်တာ မပြီးဆုံးနိုင်သည့်သူနဲ့အတူဆိုသောအိမ်မက်တွေကတပုံတပင်နှင့်တွေးမကုန်နိုင်ခဲ့။

အချစ်က နာကျင်ဖို့သက်သက်ဖြစ်တည်လာလေသလား။။

" အာ..အဆင်ပြေရဲ့လားရှင့် "

"..ဟုတ်..ပြေ.ပြေပါတယ်ဗျ ဆရာမလေးဘာလိုလို့လဲ..?"

တံခါးခေါက်သံမရှိပဲ ပွင့်ဟလာသောတံခါးနောက်ကဆရာမလေးအမေးကို ထယ်ယောင်းမျက်ရည်တွေသုတ်ရင်းနဲ့ပင်ဖြေလိုက်သည်။

အဖြူ ၊ အနီတွဲဝတ်ထားတဲ့ဆရာမလေးသည်တော့ နေရခက်စွာ အင်တင်တင်နှင့် သေးသည့်ဆေးရုံမို့အခန်းဖယ်ပေးရန်ဆိုလာသည်။

" ဟို..အခန်းကလေ မနက်ကပဲအပ်သွားပြီ..ဆိုတော့.."

" ဟုတ်..sorryပါနော် ကျတော်ခနနေသွားတော့မှာပါ တကယ်တောင်းပန်ပါတယ် "

" ဟုတ်ကဲ့.."

ဒီလိုပါပဲ သူမရှိဘူးဆိုသည့်အသိက ပတ်ဝန်းကျင်ကိုမေ့လျော့စွာ ငိုနိုင်သည်အထိ အထီးကျန်ဆန်သည်။

ထယ်ယောင်း ပြန်လှည့်ထွက်သွားသောဆရာမလေးကိုအခါခါခါးကိုင်းမတတ်တောင်းပန်၍ မျက်ရည်တွေကိုလက်ဖြင့်မသုတ်နိုင်တဲ့အဆုံး ဝတ်ထားသောလက်ရှည်ဖြင့် သုတ်ပစ်လိုက်သည်။
မျက်နှာမှာ မျက်ရည်စတွေကင်းစင်မှ ကွာရှင်းစာချုပ်ကိုကိုင်ပြီး ဆေးရုံမမည်သော ဆေးရုံမှထွက်လာခဲ့သည်။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now