💸Part 3 💸(Unicode)

13.7K 577 20
                                        

                    💵Big Boss 💵
                          💸Part 3 💸

------------------------------------------------------------------

" ချစ် "

သတိုးတစ်ယောက် နေရောင်နောက်သို့ အပြေးလိုက်လာခဲ့၏ ။
ကျန်ခဲ့သည့်မေမေ ၏စကားများကို သတိုးမကြားတော့ပေ ။ အခုချိန်၌ သူချစ်ရသောလူက သူ့အားဘယ်လိုထင်သွားမလဲ ဆိုသည့် အတွေးတွေကသာနေရာယူထားသောကြောင့် ပတ်ဝန်းကျင်ကိုလည်းသူ​ ဂရုမစိုက်နိုင်တော့ပေ ။

သတိုးတစ်ယောက်တွေ့လိုက်ရပါပြီ ။ သစ်ပင် တစ်ပင်အားထိုးနေသော သတိုး ၏ချစ်ရသောလူ ။
သတိုးအပြေးသွားပြီး ချစ်ရသောလူ၏ လက်အားလမ်းဆွဲလိုက်ရသည် ။ လက်ဆစ်တွေမှ ကျနေသောသွေးတွေကြောင့် သတိုးစိုးရိမ်မိသွားသည် ။

" လွှတ်ပေးစမ်းပါရှိန်..... ငါ အခုချိန်မှာပေါက်ကွဲပစ်ချင်တယ်ကွာ...... လွှတ်... ကွာ "

သူ့အားလွှတ်ပေးဟုပြောနေသော နေရောင်ကြောင့် သတိုးသည်နေရောင်၏ လက်ကိုသာ မလွှတ်ပဲ နေလိုက်သည် ။

" ချစ်... ချစ်ရဲ့လက်မှာသွေးတွေ........ "

" မခေါ်စမ်းနဲ့....... ငါကို 'ချစ် ' လို့ ok...... ထပ်ခေါ်ရင် မင်းရဲ့မျက်နှာကို ငါဆွဲထိုးမိလိမ့်မ
ယ်...... တောက်စ်.... "

နေရောင်၏ စကားကြောင့် သတိုး လွှတ်ပေးလိုက်သည် ။ နေရောင်ထံမှ စကားတွေက သူ့၏ နှလုံးသားအား နာကျင်စေသည် ။
အခု နေရောင်ငိုနေသည်။ ထိုကြောင့် သူ နေရောင့်အား လွှတ်ပေးထားလိုက်သည် ။

မကြာလိုက်ပေ ။ တောက်ခေါက်ပြီး ထွက်သွားသောချစ်ရသူ၏ ကျောပြင်ကိုကြည့်ကာ ကျန်ခဲ့သည့် လူကတော့ သတိုးရှိန်နောင် ဆိုသည့် လူတစ်ယောက် ပင်ဖြစ်၏ ။

တစ်ဖက်၌ ရုံးခန်းအတွင်း၌ လည်း...

" နိုးနိုးစဥ်းစားကြည့်ချင်သေးတယ်..... ဟိုလေ အန်တီကြီးရဲ့ ဆန္ဒကိုနိုးနိုးငြင်းတာလည်းမဟုတ်ရပါဘူး....... "

နိုးနိုး စဥ်းစားဖို့အချိန်လိုသေးသည် ထင်၍ အန်တီကြီးအားပြောလိုက်သည် ။
နိုးနိုး လည်းပျော်တာပေါ့ ။ နိုးနိုး ချစ်ရသောလူ၏ မိခင်က နိုးနိုးနှင့်သဘောတူသည်ဆိုတာကို ။ သို့ပေသည့် နိုးနိုးရဲ့ ကမ္ဘာကြီးမှာ ချစ်သူရှိသည်။ အကယ်၍ နိုးနိုးဖတ်ဖူးသည့် fic တွေထဲကလို နိုးနိုး က လက်ထပ်ဖို့သဘောတူလိုက်လျှင် နိုးနိုးကိုမကျေနပ်ချက်တွေနှင့် နှိပ်စက်ရင်.... ဘုရားဘုရား ။

BIG BOSS (Completed)Where stories live. Discover now