💸Big Boss 💸
💸Part 12 💸
..................................................................
" မဟုတ်ဘူး.......... အား.....နိုးငယ်........ မဟုတ်ဘူး...."
သတိုး၏အိမ်မက်ထဲတွင် နိုးငယ်သည် သွေးတွေ ရွဲနေကာ သူ့ကိုကြည့်နေ၏ ။
နိုးငယ်၏နားသို့ ရောက်အောင်သွားနေပေမယ့်လည်း သတိုးသည် လှုပ်၍မရပေ ။ နိုးငယ် ကတော့ သူ့ဆီကိုလာဖို့ရန်ခေါ်နေပေမယ့်လည်း သတိုးမသွားနိုင်ပေ ။
မကြာလိုက်ပေ ။ နိုးငယ်ကိုတစ်စုံတစ်ယောက်က ဓားဖြင့် ထိုးလိုက်သောကြောင့်
သတိုး အော်နေတော့၏ ။
" မဖြစ်ရဘူး..... မလုပ်နဲ့........ အား....."
" ဦးနောင်.... ဦးနောင်......"
နိုးနိုး အိပ်နေရင်း ဦးနောင်၏ အော်သံကြောင့်နိုးသွား၏ ။
ဦးနောင်သည် သူ့၏လက်တွေကိုလေထဲတွင် ရုန်းရင်းဆန်ခတ်လှုပ်ရှားနေပြီး ပါးစပ်မှလည်း မိမိ နာမည်ကိုအော်နေသောကြောင့် နိုးနိုးစိတ်ပူမိသွားသည် ။
ဦးနောင်အိမ်မက်ဆိုးတွေမက်နေတာဖြစ်မည် ။
နိုးနိုး... ဦးနောက်ကို ဘယ်လောက်နိုးနိုးဦးနောင်က မျက်လုံးမှိတ်ထားဆဲပင် ။
" ဦးနောင်..... ဦးနောင်လို့! !!!"
" နိုးငယ် "
ဦးနောင် နိုးလာပြီဖြစ်သောကြောင့် နိုးနိုးသည် ဦးနောင်အားဖက်ထားလိုက်၏ ။
" အီးးးးဟင့်.....ဦးနောင်........အင့်းးးးးဟင်းးးးး "
နိုးနိုးဦးနောင်ကိုဖက်ကာငိုကြွေးလိုက်တော့၏ ။
" ဦးနောင်........ "
" မငိုနဲ့တော့လေ.... နိုးငယ် "
ဦးနောင်သည် နိုးနိုး၏ ပါးပြင်ထက်မှ ကျဆင်းနေသောမျက်ရည်များကို လက်ညိုးလေးဖြင့် ဖယ်ရှားပေးလိုက်သည် ။
" ဦးနောင်ကိုလေ...နိုးနိုး ဘယ်လောက်ခေါ်ခေါ် မနိုးလာလို့......ဦးနောင်အိမ်မက်ဆိုးတွေမက်နေတာလားဟင် "
" ဟုတ်တယ်.... ကိုယ်လေ...... ကိုယ်......နိုးငယ်ဆိုတဲ့ကောင်လေး ကိုယ့်အနားကနေ ထွက်သွားလို့..... "
" အော် ဦးနောင်ရယ်..... ဦးနောင်သိနေဖို့ကလေ နိုးနိုးဟန်သာဆိုတဲ့ကောင်လေးက ဦးသတိုးရှိန်နောင်ဆိုတဲ့ Big Boss ကြီးအနားက သေတဲ့အထိ မထွက်သွားဘူးနော် "
