💸Part 10💸(Unicode)

11.1K 427 6
                                        

                  💵Big Boss 💵
                     💸Part 10 💸
------------------------------------------------------------------

လျင်မြန်လှသောအရှိန်ဖြင့် အရေးပေါ်လူနာတင်ယာဥ်နှစ်စီးသည် ဆေးရုံကြီးအရှေ့တွင်ရပ်လိုက်သည် ။
နောက်ခန်းထဲတွင် အောက်စီဂျင်တွေပေးထားရသည် ကောင်လေးတွေကို ခေါ်ဆောင်သွားသည် ။

ကောင်လေးတစ်ယောက်ကတော့ အရေးပေါ် ခွဲခန်းသို့ဝင်လိုက်ရ၏ ။

နိုးနိုးဟန်သာ ဆိုသည့်ကောင်လေးသည်လည်း မေ့မြောနေလေသည် ။ သူ့၏ဘေးတွင် K3 နှင့် နေရောင်ရောက်နေ၏ ။
ဒေါ်ပုလဲကတော့ တရားစခန်းဝင်နေ၍ မလာနိုင်ပေ ။

" ရေ......ရေ......."

နိုးနိုး၏ အပ်ရှရှသံလေးက " ရေ " ဟုသာတောင်းတနေသည် ။
ထိုအချိန် K3 ကရေအနည်းငယ်တိုက်ပေးပြီး နေရောင်ကတော့ ဆရာဝန်ကိုသွားခေါ်၏ ။

" ဦးရော....ဟင်....ဦးနောင်ဘာမှမဖြစ်ပါဘူးနော် "

နိုးနိုး၏ မျက်လုံးထဲတွင် ဦးနောင်၏ ပုံရိပ်က မျက်လုံးထဲမှ မထွက်သေးပေ ။
စိုးရိမ်လှသည် ။ ဦးနောင်အဆင်ပါ့မလား....။

" Boss က အခု သတိမရသေးပါဘူး... အစ်ကိုလေး...... စိုးရိမ်စရာမရှိတော့ပါဘူး "

K3 ၏ စကားဆုံးမှ နိုးနိုး၏ ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ ဖြစ်သွား၏ ။

သူအခုဦးနောင်ကို မြင်ချင်လှပြီ ။ ဦးနောင် ကိုတွေ့မှ သူစိတ်ချမ်းသာမည်ဖြစ်သည် ။
ယခုလောလောဆယ် သူ့၏လက်တစ်ဖက်က အဆစ်လွဲသွားဟန်ရှိ၏ ။

" ကို K3 နိုးနိုးကိုလေ ဦးနောင်အခန်းထဲပို့ပေးပါလားဟင်..... ဦးနောင်မျက်နှာလေးကိုတွေ့ချင်လို့ပါ "

" ကောင်းပါပြီ အစ်ကိုလေး "

ဦးနောင်က နိုးနိုး၏ ဘေးကအခန်းထဲတွင် လဲလျောင်းနေ၏ ။
VIP အခန်းတွေမို့အပြင်ဆင်က အစ ဘာမှလိုအပ်မှုမရှိပေ ။
နိုးနိုးသည် ဦးနောင်၏ မျက်နှာလေးကို ကောင်းနေသည့်လက်တစ်ဖြင့်ထိကပ်လိုက်ပြီး

" နိုးနိုးရဲ့ကမ္ဘာကြီးက နိုးနိုးကို မတွေ့ချင်လို့မထလာတာလားဟင်.... နိုးနိုး....သာ ငွေဆောင်ဖက်ကိုမသွားဘူးဆိုရင်လေ.... ဦးနောင်လည်းဒီလိုဖြစ်မှာမဟုတ်ဘူး...... အင်းးဟီးးးး...နိုးနိုး...တောင်းပန်ပါတယ် ဦးနောင်ရယ်...... ဦးနောင်ရဲ့ အသံလေးတွေကိုနိုးနိုးကြားချင်တယ်...... ဦးနောင်....... "

BIG BOSS (Completed)Where stories live. Discover now