💵Big Boss 💵
💸Part 4💸
---------------------------------------------------------
" ကဲ ရောက်ပြီ "
နောက်ဆုံးတော့နိုးနိုးတို့ အပေါ်ဆုံးထပ်ကိုရောက်ခဲ့ ပြီ ။.
နိုးနိုးကို ပိုးလာသည့် လူကြီးကတော့ နဖူးစပ်နားက ချွေးလေးတွေ ထွက်နေ၏ ။
" ကျေးဇူးပါဗျ "
နိုးနိုးကျေးဇူးတင်စကားဆိုရမည်ဖြစ်၏။ ဒီလိုကြတော့လည်း လူကြီ၏က ချစ်ဖို့ကာင်းသွားပြန်ရော ။ ဟီးဟီး ။
" တစ်ယောက်ထဲ ဘာတွေရီနေတာလဲ နိုးငယ်"
လူကြီးပြောသောအခါမှ နိုးနိုးပြန်အသိဝင်လာ၏ ။ မိမိ ကိုကြည့်နေသောလူကြီးကိုနိုးနိုးမော့၍ ပင်ကြည့်ရ၏ ။
" ဘာမှ မဟုတ်ပါဘူး.... လူကြီးများဆေးတွေမှားသောက်ခဲ့တာလားလို့..... "
" ကိုယ့်နာမည် လူကြီး မဟုတ်ဘူးကွ...... သတိုးရှိန်နောင်.....မင်းခေါ်ချင်ရင် တော့ ဦးနောင်လို့ခေါ်ပေါ့ နိုးငယ် "
ပြောချင်ရာပြောပြီးထွက်သွားသောလူကြီးနောက်ကို နိုးနိုး ခြေလှမ်းကြဲ ကြီးဖြင့် လိုက်ရပြန်ပါ၏ ။
ခန္ဓာကိုယ်ကြီး၍ လားမသိပေ ။ လူကြီးလမ်းလျှောက်တာအရမ်းကို မြန်လှပေသည် ။
" စောင့် ဦးလေ.... လူ.....အဲ မှားလို့ ဦးနောင် "
နိုးနိုးသည် ပါးစပ်မှ လည်း ပြောရင်း ခြေထောက်ကလည်း ဦးနောင်နောက်သို့အမြန်လိုက်ရ၏ ။
နိုးနိုးနောက်ကျောမလုံသလို ခံစားလာရ၏ ။ တစ်ယောက်ယောက်က ကြည့်နေသလိုခံစားရတာကြောင့် နိုးနိုးအနောက်သို့ပြန်လည် ကြည့်မိပြန်ပါသည် ။ သို့သော် ဘယ်သူမှမရှိပေ ။
နိုးနိုးသည် မဲ့ ပြုံး ပြုံးကာ မိမိ၏ အင်္ကျီလက်တွေကိုခေါ်တင်လိုက်ပြီး ထိုမသင်္ကါစရာကောင်းသည်ကို ကြည့်ဖို့ရန် သွားဖို့ခြေလှမ်းပြင်နေစဥ်
" နိုးငယ်.....ဘယ်သွားမလို့လဲ လာ....."
ဦးနောင်ကတော့ ခြေလှမ်း ကြဲ ၅ လမ်း နဲ့တင်နိုးနိုးအနားသို့ရောက်လာခဲ့၏ ။
ထို့နောက် နိုးနိုး၏ လက်ကိုဆွဲကာ
" သွားမယ်လေ..... "
" လက်ကိုလွှတ်ဦးဗျ...... "
သတိုးသည်လည်း ကောင်လေးပြောတော့မှ သတိဝင်လာဟန်ရှိ၏ ။ မသိစိတ်ရဲ့လှုံ့ဆော်မှုကြောင့် ကောင်လေးလက်ကို ဘယ်ချိန်ကိုင်ထားလို့ကိုင်ထားမှန်းမသိပေ ။
ထိုကောင်လေး ကတော့ သတိုးအား မျက်စောင်းလေးထိုးနေလေပြီ ။
