💵Big Boss 💵
💸Part 6 💸
-------------------------------------------------------------
" ညနေ အိပ်ရင် ဖျားတတ်တယ် "
" ဟုတ်ကဲ့ ဗျ.. "
ခေါင်းလေးငြိမ့်ပြီးပြောနေသောကောင်လေး၏ နဖူးထက်သို့ သတိုးသည် လက်ညှိုးလေးဖြင့် ထိလိုက်၏ ။
" ချစ်ဖို့ကောင်းတယ်.... "
" သိပါတယ်.. လာ ဦးနောင်က အလုပ်က အခုပြန်လာတာလား "
" ဟုတ်တယ် နိုးငယ်... အရမ်းပင်ပန်းတယ်..... ဟူး "
" ဦးနောင် ပင်ပန်းနေရင် သံပုရာ ရည်သောက်မလား နိုးငယ်ဖျော်ပေးမယ်လေ... ခဏလေးပဲစောင့် "
ဆိုပြီး လစ်ခနဲထွက်သွားသောကောင်လေးကြောင့် သတိုး အားရပါးရ ရီမိသွား၏ ။
တွေ့တာမကြာသေးပေမယ့် မင်းကိုကိုယ်သံယောဇဥ်လေးတွေတွယ်မိနေပြီထင်တယ် ကောင်လေးရယ် ။
ညနေ ဆိုတော့ အိမ်အကူတွေက မရှိတော့ပေ ။ အခုမှရောက်တာဆိုတော့နိုးနိုးရှာရ၏ ။ ရေခဲသေတ္တာ ထဲမှ ရေအေးလေးတစ်ဗူးထုတ်လိုက်ပြီး သံပုရာသီးလေး ၃လုံးလောက်ယူလိုက်၏ ။
" ရေလည်းရပြီ သံပုရာသီးလဲ ရပြီဆိုတော့.... အွန်း....သကြား.....ဟုတ်ပြီ... ဒါနဲ့ သကြားက ဘယ်နားမှာလဲ.... ".
နိုးနိုးသည် စင်ပေါ်မှ အဖြူရောင် ဗူးလေးကိုတွေ့လိုက်သည် ။ ထို့နောက် ထိုဗူးကိုယူလိုက်ပြီး သံပုရာရည်ဖျော်တော့၏ ။
" အချဥ်နည်းနည်းလိုသေးတယ် "
နိုးနိုးကအချဥ်စားတဲ့လူဖြစ်တော့ကြောင့် သံပုရာသီး ၃ လုံးထည့်မှ ok ၏ ။ သကြားတွေကျေအောင် မွှေပြီးမှ အရသာမြည်းကြည့်၏ ။
" ဒါမှ အိုကေမှ စိုပြေ ပဲ "
နိုးနိုးသံပုရာရည်ခွက်လေးကိုင်ပြီး ထွက်လာလိုက်၏ ။ ဧည့်ခန်း တွင် ဦးနောင်အပြင် မေမေ ရောပါရောက်နေ၏ ။
" သားနိုး.... သံပုရာရည်တွေဖျော်လာတာလား...... သားသတိုးကတော့ ဟင်းဟင်း... "
" .... မေမေရယ်...နိုးနိုး က ဦးနောင်ကိုသောက်စေချင်လို့ပါ... မေမေအတွက့်ရော နိုးနိုး သွားဖျော်လိုက်မယ်လေ "
