4

187 27 4
                                    

"Jeno  hyung ပြန်ရောက်ပြီနော် "

ပြန်ထူးသံ မကြားရလို့ Jeno အခန်း ဆီလျှောက်သွား
ရင်း တံခါးခေါက်လိုက်တော့ တော်တော်နဲ့ ဖွင့်မလာပေ
ခနနေမှ လမ်းလျှောက်သံ သဲ့သဲ့ ကြောင့် တံခါးလာဖွင့်
တာကို စောင့်နေလိုက်ရင်း ပေါ်လာတဲ့ မျက်နှာတစ်ခု
ကြောင့် လန့်ပြီး နောက်တောင်ဆုတ်မိသွား၏

"အာ ပြန်လာပြီလား"

"Jeno! Jeno ဘယ်မှာလဲ "

ပြုံးဖြီးဖြီး လုပ်နေတဲ့သူကြောင့် Doyoung ပိုလို့
စိုးရိမ်လာခဲ့သည်

"hyung"

ခေါ်သံကြားလို့ အနောက်လှည့်ကြည့်လိုက်တော့
Jenoက အထုတ်တချို့ ဆွဲပြီး ခုမှ အိမ်ထဲ၀င်လာပုံရတယ်
ဒါ့ကြောင့် Doyoung  က Jenoဆီ အပြေးသွားလိုက်
ရင်း တကိုယ်လုံးကို စူးစမ်းပြီး ပတ်ကြည့်နေမိ၏

"ဘာဖြစ်လို့လဲ "

"မင်းကို သူ တစ်ခုခု လုပ်သေးလား "

"အာ Jaehyun hyung လား hyungကို
မိတ်ဆက်ပေးရဦးမယ် အဲ့အကိုက ကျွန်တော်နဲ့
ခနခနကစားပေးနေကြ ခင်နေတာကြာပြီ
ဒီနေ့လည်း ဆော့နေရင်း အဲ့အကို အင်္ကျီတွေ ပေကျံကုန်လို့
အိမ်ခေါ်လာတာ hyung"

Doyoung က အဖြူခံလေး Jenoကိုတလှည့်
Jeno အခန်း၀မှာ ရပ်နေတဲ့ Jeong Jaehyun ဆိုတဲ့
လူကို တစ်လှည့်ကြည့်ပြီး Jenoကို ခပ်တိုးတိုးမေးလိုက်မိ
သည်

"သူက အတင်း ခြိမ်းခြောက်ပြီး မင်းကို အိမ်ခေါ်ဖို့
ပြောတာလား ဘာမှ မကြောက်ပဲ hyungကိုအမှန်ပြော"

"အဲ့လိုမဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင် ခေါ်လာတာပါ
ဘာလို့လဲ hyung သူ့ကို သိလို့လား"

"မသိပါဘူး! "

"အရမ်းစိတ်မပူပါနဲ့ Jaehyun hyung ကလူကောင်းပါ
ကျွန်တော်တို့ ရင်းနှီးတာ တော်တော်ကြာနေပြီ နော်
နောက်ပြီး ခုကျွန်တော် ညစာအတွက် ၀ယ်လာတာ
Jaehyun hyung ကိုပါ တခါတည်း စားခိုင်း‌မလို့
hyung ကူညီမယ်မလား"

Jenoကြည့်ရတာ Jeong Jaehyun အပေါ်
တအားကိုခင်တွယ်နေပုံရတာကြောင့် Doyoung လည်း
ဘာမှထပ်မပြောလိုက်တော့ချေ

"ဒါဆို hyung ရေအရင်ချိုးလိုက်ဦးမယ် "

"အင်းအင်း"

𝗢𝗻𝗹𝘆 𝘆𝗼𝘂Kde žijí příběhy. Začni objevovat