11

79 9 0
                                    

"hyung ဘယ်တွေလျှောက်သွားနေတာလဲ မာမီက စိုးရိမ်နေတယ် ဒီည အိမ်ပြန်လိုက်ဦး "

"မပြန်ချင်ဘူး မာမီက ငါ့ကို ဒီတခါကြ အပြင်ထွက်ခွင့်ပိတ်တော့မှာ"

"ဒါဆိုလည်း ကျွန်တော့်ကိုပြော ခု hyung ပေါင်းနေတဲ့ဟို
အုပ်စုတွေကမကောင်းတာ ကျွန်တော် သိတယ်နော် "

"Do Yoon ?"

သူတို့ညီအကိုနှစ်ယောက် တကြိတ်ကြိတ်နဲ့ ပြောဆိုနေကြတုန်းမှာ
ပဲ နောက်ဘက်ဆီက အကိုဖြစ်သူနာမည်ကို ခေါ်သံကြားတာ
ကြောင့် ဂျယ်ဟျွန်း လှမ်းကြည့်လိုက်သည် သူ့အကိုကတော့
ထိုအသံကိုကြားတာနဲ့ တမ်းမလှည့်သေးပဲ ပြုံးတုံ့တုံ့လုပ်ကာ
ခန အချိန်ယူနေသည် ဒါ့ကြောင့် သူခနအတွင်းပဲ သဘောပေါက်
သွားတယ် ဟျောင်း ခုရက်ပိုင်းမှာ ခနခနပြောနေကြ သူငယ်ချင်း
ဆိုတာ သူသိသည်

"Doyoung "

Doyoung ဆိုသူက သူ့ဆီကိုသာ အကြည့်ရောက်နေသည်

" အာ ဒါ ငါ့ညီ Jeong Yoon oh ပါ မင်းစိတ်မပူပါနဲ့
ငါ ဟိုကောင်တွေနဲ့ မပေါင်းတော့ပါဘူး"

ထိုအခါမှ သူ့ကို အကဲခတ်နေတဲ့ ဒိုယောင်းအကြည့်တွေက
ဖျော့သွားကာ သူ့ကို အသာပြုံးပြလာသည် သူက ပြန်လည်ပြုံးပြရင်း ထိုသူ့ကိုသာ တိတ်တဆိတ်ကြည့်
နေမိသည်

"Yoon oh မင်းအကိုကို အိမ်သေချာ ပြန်ခေါ်သွားနော်
ဒါဆို ငါ အိမ်ပြန်တော့မယ် ငါ့ညီပါ ၀င်ကြိုရမှာမို့"

ဒိုယောင်းက ကြည်စင်တဲ့အပြုံးလေးနဲ့ သူ့ကို ပါ ပြုံးပြကာ
ထွက်သွားတဲ့အထိ ဂျယ်ဟျွန်းက လိုက်ကြည့်နေမိသည်

"ဒီည အိမ်ပြန်လိုက်မှာနော် Yoon oh ရ
စိတ်ပြောင်းသွားပြီ "

hyung ကတော့ ပျော်မြူးနေပြီး သူ့ကိူ စကားတပြောပြော
လမ်းလျှောက်နေသည် Jaehyun ကတော့ ခုနက မျက်နှာကိုပဲ
တွေးနေမိသည် hyung က ထိုသူ့စကားလေးတခွန်းကို
ချက်ချင်း လိုက်နာနေကတည်းက သူကငယ်သေးပေမယ့်လည်း
hyung စိတ်ကို သူသဘောပေါက်နေပါပြီ နောက်ပြီး
အဲ့ဒီသူက‌ ဟျောင်း ပေါင်းနေကြ အုပ်စုနဲ့ မတူတာလည်း
သူ သိတယ်

ဖြူစင်တယ်..

ထို့နောက် Yoon oh က မသိလိုက် မသိဘာသာ ပြုံးမိသည်
သူလည်း ခင်မင်ချင်မိတာကြောင့်ပင် ။

𝗢𝗻𝗹𝘆 𝘆𝗼𝘂Where stories live. Discover now