12

84 11 0
                                    

" hyung စာပေးလိုက်ပြန်ပြီ"

Jeno ပြောတဲ့ အသံကြားတော့ ဒိုယောင်း ခြေလှမ်း‌တို့က
ရပ်သွားသည်

"Jeno ၊ ဟျောင်းပြောထားတယ်လေ စာကိုလက်မခံနဲ့တော့လို့
ဒီကိစ္စက သူနဲ့မဆိုင်လို့ ဘယ်လို စာမှ လက်မခံချင်ဘူးလို့ "

Jeno က သူ့အကို အကြောင်းကို သိပါတယ်။
ဒိုယောင်းဟျောင်းက ဂျယ်ဟျွန်းဟျောင်းဆီက စာကို မဖတ်ချင်
တဲ့ အကြောင်းကိုလည်း ဂျဲနို ကောင်းကောင်းနားလည်ပါတယ်
ဂျယ်ဟျွန်းဟျောင်းက သူ့မိသားစုဘက်ကနေ ခွင့်လွှတ်မှုကို
တောင်းခံမှာမျိုးတွေကို ဟျောင်းက လက်မခံချင်လို့သာပင် ။
နောက်ပြီး ဒိုယောင်းဟျောင်းက အမြဲတမ်း အကျိုးသင့်
အကြောင်းသင့်ရှိတတ်သည် အတိတ်က ဖြစ်ရပ်တွေမှာ
ဂျယ်ဟျွန်းဟျောင်းနဲ့ ဘာမှမသက်ဆိူင်နေလို့ ဂျယ်ဟျွန်းဟျောင်း
ဆက်ပြီး၀င်ပါနေမှာမျိုးကိုလည်း မလိုချင်တာ ဖြစ်လိမ့်မည်

"Jaehyun hyung  ပြောချင်တာတွေကို သိလိုက်ရရင်
ပိုပြီး မကောင်းဘူးလား ရှင်းပြခွင့်မရတာက ဘယ်လောက်မွန်းကြပ်
စရာကောင်းတဲ့ အခြေအနေလည်းလေ "

"ဂျဲနိုရား မင်း ဘယ်သူ့ဘက်ကပါနေတာလဲ"

"ကျွန်တော်က အမြဲ ဟျောင်းဘက်မှာပါနော် ခုကလည်း
ဟျောင်းအတွက်ပြောဝာာပါ ဂျယ်ဟျွန်းဟျောင်း ဘာလို့ဒီလိုမျိုးတွေ
လိုက်လုပ်နေခဲ့ဝာာလဲဆိုတာ ဟျောင်း သူပြောပြတာကို သိချင်
နေတာ ကျွန်တော် သိပါတယ် ဒါပေမယ့် ဟျောင်းလက်မခံနိုင်တဲ့
အဖြေ ဖြစ်နေမှာကိုလည်း မလိုချင်ဘူးမလား ဥပမာ သူ့မိသားစု
အတွက် ခွင့်လွှတ်‌မှုကိုတောင်းခံချင်တာမျိုးတို့  " 

"..."

"အဲ့လိုမျိုး ဒွိဟဖြစ်နေတာထက် ပြတ်ပြတ်သားသားသိဖို့ ရင်ဆိုင်လိုက်တာက ပိုပြီးအဆင်ပြေဝာယ်လေ ဟျောင်းပဲပြောတော့
သူနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ဘူးဆို ဒီလိုမျိုး လျစ်လျူရှုဖို့ ကြိုးစား
နေတာက သူန‌ဲ့ပါဆိုင်တယ်လို့ ဆိုလိုနေသလို ဖြစ်နေပြီ "

"အဲ့လို မဟူတ်ဘူး! ငါက သူ ငါ့ကို တခြားသူတွေအတွက်
တောင်းပန်နေမှာတွေကို လက်မခံချင်ရုံပဲ"

𝗢𝗻𝗹𝘆 𝘆𝗼𝘂Dove le storie prendono vita. Scoprilo ora