9

221 29 2
                                    

*အဲ့တာအတွက် စိတ်မပူပါနဲ့ ခင်ဗျာ Mr.Jeong ရဲ့
အာမခံပေးမှုကြောင့် Scholarship ရုတ်သိမ်းမယ့်
ကိစ္စကို ချက်ချင်းပဲ ပြန်လည် ညှိယူခဲ့ပါတယ် *

စာရွက်ပေါ်မှာ ချရေးနေတဲ့အရာတွေမှာ အာရုံကစိုက်မရပဲ
နေ့လည်က မထင်မှတ်ပဲ ကြားခဲ့ရတဲ့ စကားဝိုင်းက
ဦးနှောက်ထဲ ၀င်လာနေသည်

Jeong Jaehyun က ဘာအတွက်ကြောင့် ဒီလို
မျိုးတွေ လုပ်ခဲ့ရတာလဲ
ကိုယ်နဲ့လည်း သွေးသားမတော်စပ် တဲ့ လူတစ်ယောက်
အတွက် ဘယ်လိုယုံကြည်ချက်တွေနဲ့ အာမခံပေးခဲ့ရတာလဲ
အဲ့ဒါတင်မကသေး ဟိုသုံးယောက် သူ့ကို ရုတ်တရက်
လာရောက်တောင်းပန်ခဲ့တဲ့ ကိစ္စတွေကလည်း
Jeong Jaehyun နဲ့ ဆက်စပ်နေသလား သူမပြော
တတ်  အဲ့ဒီသုံးဦးနဲ့ haneulရဲ့ မိဘတွေကို ပေးတွေ့ခဲ့ပြီး
ဒိုယောင်းနဲ့ မဆိုင်ကြောင်း ရှင်းပြခဲ့တယ် ဆိုတာမျိုးလည်း ဒိုယောင်း တစွန်းတစ ကြားလိုက်မိတယ်
သူ ဒီအကြောင်းအရာတွေကို တမင်နားထောင်လာတာ
မျိုးမဟုတ်ရပါ ဖြစ်နိုင်ရင် ဒီလိုမျိုး ရှုပ်ထွေးစရာတွေနဲ့
သူက အကင်းဆုံး နေချင်နေတဲ့သူ
ဒါပေမယ့် haneul ရဲ့ အုပ်ထိန်းသူတွေက စကား
ပြောချင်ပါတယ်ဆိုတဲ့ အခေါ်ကြောင့် သူ မဖြစ်မနေ
သွားခဲ့ရရင်း ဒါတွေကို တိုက်ဆိုင်စွာ ကြားလာခဲ့ရတာ

"Doyoung"

"..."

"ခနထိုင်မယ်"

ခေါင်းအသာငြိမ့်ပြလိုက်တော့ ၀င်ရောက်ထိုင်ရင်းကနေ
ပြုံးပြလာတဲ့ အပြုံးမှာ အားနာခြင်းတွေပါတယ်ဆိုတာ
ဒိုယောင်း သတိထားမိလိုက်ပါတယ် ဘာအတွက်ကြောင့်
လာတယ် ဆိုတာလည်း သူ သိလိုက်ပါတယ်

"ငါ တောင်းပန်-"

"မတောင်းပန်နဲ့ "

"ဟင့်အင်း သေချာပေါက် တောင်းပန်ရမှာပေါ့ ငါက"

"မင်းက ငါ့အပေါ် အမှားလုပ်ထားလို့လား
တောင်းပန်တယ်ဆိုတာ တောင်းပန်ရမယ့် ကိစ္စရှိမှပေါ့"

"သေချာပေါက် တောင်းပန်ရမယ့်ကိစ္စတွေရှိတာပေါ့
တောင်းပန်ရုံနဲ့တင် မလုံလောက်တဲ့ကိစ္စတွေ
ဒီအတောအတွင်းမှာ မင်းဖြစ်ပျက်ခဲ့တာတွေ
မာမီ  မင်းကို ကျောင်းထိ ပြသနာရှာတာတွေ
ဟိုသုံးကောင်နဲ့ပါ ငြိတာတွေ နောက်ပြီး
ဆေးရုံကို လာတိုင်း မာမီ့လူတွေ -"

𝗢𝗻𝗹𝘆 𝘆𝗼𝘂On viuen les histories. Descobreix ara