8

185 28 6
                                    

အရာရာက ပုံမှန်ထက် တိတ်ဆိတ်နေသလိုပင်
ဒါမှမဟုတ် သူကိုယ်တိုင်က ဘယ်အရာကိုမှ အာရုံမရှိ
နေလို့များလား

တာဝေးပြေးပွဲတခုမှာ ပြေးနေခဲ့သလိုမျိုး သူမောဟိုက်
နေသလို ဒါက ရင်ခုန်နေတာ သူသိတယ်
တစ်ဆက်တည်းမှာ သူရင်တွေက တုန်လာတယ်လို့ပါ
ခံစားရတယ် ဘာလို့ဆို သူ့ရဲ့ ညှင်ညှင်သာသာလေး အနမ်းပေးခြင်းခံရတဲ့ သူ့နှလုံးသားကို လှုပ်ကိုင်နေတဲ့ သူက
အချိန်တခုထိ ဘာဆိုဘာမှ တုံ့ပြန်မလာတာကြောင့်ပင်

" ဟိုလေ ကိုယ် "

ထိုအခါမှ မျက်လုံးလေးတွေက ကြောင်တောင်တောင်လေး
သူ့ကို ကြည့်လာသည်

ဘယ်လိုဖြစ်ပြီး အုပ်ကိုင်ထားမိလည်း မသိတဲ့ လက်တွေ
ကို သတိထားမိသွားတာနဲ့ ဆွဲ ထုတ်ကာ သူ့နားကနေ
ပြေးထွက်သွားတော့၏

"ကျစ် လုပ်ချလိုက်ပြန်ပြီ ဂျောင်ဂျယ်ဟျွန်း"

ကိုယ့်နဖူးကိုယ်ပါ ရိုက်လိုက်ရင်း မကျေမနပ်ရေရွတ်မိ
သည် ထွက်ပြေးသွားသူနောက် အမြန် ထလိုက်ပြီး
သူ့ကိုယ်သူသာ အပြစ်တင်မိတော့သည်
သူဘယ်လိုတောင် စိတ်တွေမထိန်းလိုက်နိုင်ခဲ့တာလဲ
---------------------------------------------------------
"Doyoung ကျွန်တော် ပြောတာ နားထောင်ပါဦး"

ယောင်ယမ်းပြီး ပုခုံးတွေကို ကိုင်လိုက်မိတော့ ချက်ချင်း
မျက်ခုံးတို့က တွန့်ကြိုးလာတာကို သတိထားမိတော့
သူအမြန် ပြန်လွှတ်ရသည် ဒါသူ့အပြစ်ပင်
ဒိုယောင်း သူ့ကို မယုံကြည်တော့တာ သူ့ကြောင့်ပင်
သူကိုယ်တိုင် ဖျက်ဆီးလိုက်တာ
ဒါပေမယ့် အဲ့တာကြောင့်နဲ့ဝောာ့ ဒိုယောင်းကို တခြားသူစိမ်း
ကားနဲ့ ထည့်လိုက်မှာ မဟုတ်ပေ

"ကျွန်တော်ပြောတာ နားထောင်ပေးပါဦး ကျွန်တော့်ကို
မယုံတော့မှန်း နားလည်ပါတယ် မျက်နှာပြောင်တိုက်တာ
မဟုတ်ရပါဘူး ကျွန်တော် မင်းကို အိမ်ပြန်ရောက်အောင်
လိုက်ပို့ပေးပါ့မယ် နော် "

"သူတို့ နဲ့ လမ်းကြုံတယ် ဒုက္ခပေးမိရင်‌ တောင်းပန်တယ်
ခွင့်ပြုပါ"

" ဒိုယောင်း ကျွန်တော် တောင်းပန်ပါတယ် မင်းကို ဒီလို
နမ်းလိုက်မိတာကလည်း ကျွန်တော် ပေါ့တီးပေါ့ပျက်နိုင်
တာကြောင့် မဟုတ်ရပါဘူး ကျွန်တော်မင်းကို တန်ဖိုး
ထားလို့ပါ မင်းကိုစော်ကားတာမျိုးလုံး၀မဟုတ်ပါဘူး"

𝗢𝗻𝗹𝘆 𝘆𝗼𝘂حيث تعيش القصص. اكتشف الآن