13

95 9 0
                                    

Doyoung ဒီနေ့လည်းအိမ်ကိုစောစောပြန်လာခဲ့သည်
ဒီနေ့ရဲ့ ထူးခြားမှုကတော့ သူ့နောက်က ပါလာနေကြ ခြေသံလေး
မရှိနေတာပင်။ ဒါပေမယ့် သူသိပ်ကြာကြာတော့ မတွေးချင်ပါ
ဒီလိုမျိုး ပြတ်ပြတ်သားသားဖြစ်သွားတာ ပို၍ပင် ကောင်းသည်
မဟုတ်ပါလားး သူက အသက်ပြင်းပြင်းရှူထုတ်လိုက်ရင်း
လုံး၀ ပေါ့ပါးသွားပြီ ဆိုမှ အိမ်ရဲ့ တံခါးမကြီးကို လှမ်းဖွင့်လိုက်
တော့သည် ။

"..."

ဒါပေမယ့် သူ့ရှေ့မှာ ဘွားခနဲ ရပ်နေတဲ့ သူကြောင့် သူ ငါးစက္ကန့်
လောက် ကြောင်ကြည့်နေမိသည်

"ဟို Jeno က ဂိမ်းဆော့ဖို့ ခေါ်ထားလို့ ရောက်နေတာ
ဟို hyung မယုံရင် Jenoကို မေးကြည့်လို့ရတယ် "

အရှေ့ကနေ လက်တကာကာ ရှင်းပြနေသူကိုသာ ကြည့်နေမိသည်
အဲ့ကောင်လေးက ဂျဲနိုကို ဘယ်လိုဘယ်လိုတွေ ပြောလိုက်သလဲ
တော့ သူမသိပေမယ့် ဂျဲနိုက အရင်အတိုင်းပဲ မပြောင်းလဲစွာ
အိမ်ကို ၀င်ထွက်ခွင့်ပေးထားပုံရသည်

"အင်း ခု ပြန်တော့မလို့လား "

သူက ဂျဲနိုရဲ့ ဧည့်သည် ဆိုတဲ့စိတ်နဲ့ပဲ ပြန်လည် မေးမြန်းလိုက်ခြင်းပင်။

"မဟုတ်ပါဘူးး ဟို လမ်း ထွက်လျှောက်မလို့ လုပ်နေတာ
ဒါပေမယ့် မလျှောက်တော့ဘူးး "

ဝေ့လည်ကြောင်ပတ် တွေပြောနေတာကြောင့် ဒိုယောင်းလည်း
ထပ်ရပ်မနေတော့ပဲ အထဲကိုသာ ဖြောင့်ဖြောင့်ဖြူးဖြူး
၀င်သွားလိုက်တော့သည်

"Jeno ညစာ မစားရသေးရင် ဒီမှာ hyung ပါလာတာတွေ
တခါတည်းစားလိုက် "

"ဟျောင်း မစားတော့ဘူးလား"

"ဒီည သူဌေး မွေးနေ့မလို့ စားခဲ့လိုက်ပြီ ညစာစားတော့
အချိန်လင့်သွားလိမ့်မယ် "

ဒိုယောင်းကပြောပြီးတာနဲ့ သူတို့နဲ့ မလှမ်းမကမ်းမှာ နှုတ်ခမ်း
စူစူလေးနဲ့ ရပ်ကြည့်နေတဲ့ သူကို တစ်ချက်ကြည့်ပြီးတာနဲ့

"ဧည့်သည်ကိုပါခေါ်လေ ဒါဆို ဟျောင်း စာသွားလုပ်တော့မယ်"

"ဟုတ် "

ဂျဲနိုက မျက်လုံးတွေ မှိတ်ကျအောင် ရယ်ပြကာ နှုတ်ဆက်တော့
သည်

𝗢𝗻𝗹𝘆 𝘆𝗼𝘂حيث تعيش القصص. اكتشف الآن