6

143 20 0
                                    

သူ့ဘ၀မှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု နဲ့
ကြုံခဲ့ရပေမယ့် သူ့မှာ ပြိုလဲဖို့ အချိန်ရှိမနေခဲ့ဘူးဆိုတာကို
Doyoung က နားလည်ခဲ့တာကြောင့်
သူ့အတွက်ရော Jenoလေးအတွက်ပါ တွေးပြီး
သူက အထက်တန်းပြီးဝာ‌ာတောင် uniတမ်းမတက်
နိုင်ခဲ့ပဲ ကျောင်းခန ရပ်နားခဲ့သေး၏
သို‌့ပေမယ့် ကံတရားကပဲ သူ့ဘက် ရပ်တည်ပေးသလား
မသိ သူဘယ်လောက်ပဲ လျှောက်လျှောက် ပယ်ချခံခဲ့ရ
တဲ့ ပညာသင်ဆု က ရက်‌ေတာ်တော်အကြာမှာပဲ
အဆင်ပြေသွားခဲ့သည် အဲ့တာကြောင့် သူဟာ
နှစ်နောက်ကျပြီးခါမှ ကျောင်းပြန်တက်ခဲ့ရသည်

ကျောင်းစတက်တဲ့ နှစ် ဟာ အဆင်ပြေပြေ နဲ့ပဲ
ကုန်ဆုံးခဲ့ဝာာကြောင့် ကံဆိုးမှုတွေက ဒီလောက်နဲ့ပဲ
ပြီးဆုံးသွားလောက်ပြီလို့ ထင်ခဲ့ပေမယ့်လည်း...
---------------------------------------------------------

Haneul တဲ့
သူ့နာမည်က Haneul
သူငယ်ချင်းအပေါင်းအသင်းထားဖို့ အစီအစဉ်မရှိခဲ့တဲ့
Doyoung ဟာ Haneul ဆိုတဲ့ သူငယ်ချင်း
အသစ်လေးကို မထင်မှတ်ထားပဲ ရခဲ့တာ
Haneul က အမြဲတမ်း ပြုံးနေတတ်ပေမယ့်
သူ့ဆီမှာ ဖိအားတွေ ရှိနေတယ်လို့ Doyoung
ခံစားခဲ့ရတယ်

"မင်း ငါ့ကို တစ်ချက်လောက် ထိုးလိုက်စမ်းပါ
Doyoung "

မျက်ရည်တွေ ဝေ့သီနေကာ ပြောနေတဲ့ ကောင်လေးကို
ကြည့်ပြီး Doyoung ရဲ့ ရင်ထဲမှာ တင်းကျပ်နေခဲ့တယ်

"ငါ့ကို ထိုးလိုက်စမ်းပါ လို့ Kim Doyoung!"

Doyoung က အရှုံးသမားတစ်ယောက်လို ဖြစ်နေတဲ့
အဲ့ဒီကောင်လေးရဲ့ အင်္ကျီကော်လံကို ခပ်ကြမ်းကြမ်း
ဆွဲဆောင့်လိုက်ရင်းး ခနလောက်ကြည့်နေမိသည်

"ကျေးဇူးပြုပြီး ငါ့ကို အသေသာ သတ်ပေးလိုက်ပါတော့
ငါ ဒီလိုအရှုံးသမား ဘ၀ကို စိတ်ကုန်နေပြီ !"

"ဟုတ်တယ် အရှုံးသမားပဲ ငါလည်း မင်းကို သတ်ပစ်
ချင်တယ် "
"မဟုတ်သေးဘူး"
"မင်းရဲ့ အဲ့ဒီအရှုံးသမား အဖြစ်ကိုပြောင်းလဲသွားစေတဲ့
စိတ်ကို သတ်ပစ်ချင်တာ "

သူ့ရှေ့က ကောင်လေးက အသည်းအသန်ကို ငိုနေတော့
တာပဲ အားရပါးရ ငိုလို့၀ပြီဆိုခါမှ သူက အင်္ကျီစကို
အသာလွှတ်လိုက်ကာ ထိုင်ချလိုက်သည်

𝗢𝗻𝗹𝘆 𝘆𝗼𝘂Where stories live. Discover now