Episode-2

1.8K 175 7
                                    

အပြင်ကပြန်လာပြီးသူ့အဆောင်တော်ထဲဝင်လိုက်တာနှင့် စိတ်ထဲမှာတစ်မျိုးကြီးခံစားလိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲထိုအချိန်မှာမှ ရင်ဘတ်ထဲထည့်ထားသည့်ရှုံ့အိတ်လေးနေရာမှ အနည်းငယ်ပူသလိုခံစားလိုက်ရတာမို့ ထုတ်ယူကြည့်လိုက်တော့အမှန်ကိုပဲ ရှုံ့အိတ်‌ေလးကပူနွေးနွေးဖြစ်လို့နေ၏။ သူ့ခန္ဓာကိုယ်အပူချိန်ကြောင့်လားဘာလားမသိတာမို့ အရေးမထားတော့ပဲသလွန်ပေါ်ကိုသာပစ်တင်လိုက်ရင်း ရေချိုးဆောင်ဖက်ကိုထွက်လာခဲ့လိုက်သည်။

သူကတခြားမင်းသားတွေလိုမျိုးသူ့ဘေးမှာလူများများစားစားရှိနေတာကိုသဘောမကျတာကြောင့် ငယ်စဉ်ကတည်းကထိန်း ကျောင်းပေးလာသည့်အထိန်းတော်ကြီးဝူလင်နှင့် ငယ်စဉ်ကတည်းကသူ့လူယုံဖြစ်သည့် ဟွေကျောင်းသာသူ့ရဲ့ဝေယျာဝစ္စတွေကိုလုပ်ပေးရသည်။ အခုလည်းသူ့ရဲ့အပေါ်ဝတ်ရုံကိုသေချာချွတ်ပေးပြီးသိမ်းဆည်းပြီးတာနှင့် အရိုအသေပေးကာထွက်သွားကြသည်။

မင်းသားဝမ်ရိပေါ်ကငယ်စဉ်ကတည်းကစည်းကမ်းကြီးမားကာ အရှက်နှင့်သိက္ခာတရားကိုလည်းအလွန်ထိန်းသိမ်းယူဖြစ်၏။ ငါးနှစ်သားအရွယ်ကတည်းကမင်းသားဝမ်ရိပေါ်၏ ခန္ဓာကိုယ်ကိုဘယ်အစေခံကမှမမြင်တွေ့ဘူးပေ။ ယုတ်စွအဆုံးအထိန်းတော်ကြီးဝူလင်နှင့် လူယုံဟွေ့ကျောင်းတောင် မင်းသားဝမ်၏ အကျီမပါသည့်ပုံစံကိုမမြင်ဖူးပေ။ မင်းသားရေချိုးရန်ပြင်ဆင်ပေးရပြီး အပေါ်ဝတ်ရုံလွှာကိုသာချွတ်ပေးပြီးရင် အကုန်အပြင်ထွက်ရသည်။

မင်းသားဝမ်ရဲ့တခြားသောမင်းသားတွေနှင့်မတူပဲကွဲပြားနေသည်က လက်ရှိအသက်နှစ်ဆယ့်ငါးနှစ်အရွယ်အထိကြင်ယာတော်မရှိတာပင်။ မင်းသားလီတောင်ကြင်ယာတော်ရှိနှင့်ပြီးဖြစ်ပေမဲ့ မင်းသားဝမ်ကတော့အများအားဖြင့်တိုက်ပွဲအတွင်းပျော်မွေ့နေတက်ကာ ဘယ်အမတ်ရဲ့သမီး၊ ဘယ်သူဌေးရဲ့သမီး အဘယ်သို့သောအပျိုတော်တွေနှင့်မှလည်း မပတ်သတ်ဘူးပေ။

မင်းသားဝမ်၏နောက်ထပ်ထူးခြားချက်ကအမြဲအေးစက်စက္မျက်နှာပင်ဖြစ်၏။ ခမည်းတော်မင်းကြီး၏ချစ်ခင်ကြင်နာမှုကိုလည်းမရသည့်အပြင် မယ်တော်ဖြစ်သူကလည်းတွေ့ဆုံချိန်တိုင်းမှာ ဧကရာဇ်တစ်ပါးဖြစ်လာဖို့ကိုသာအမြဲဦးစားပေးပြောလေ့ရှိတာမို့ နွေးနွေးထွေးထွေးမရှိ။ ထို့ကြောင့်ပဲ‌ေမတ္တာတရားနှင့်မထိ‌ေတွ့ဘူးတဲ့မင်းသားဝမ်ကအပြုံးအရယ်မရှိပဲအေး‌စက်စက်ဖြစ်နေတက်သည်သာဖြစ်သည်။

𝙾𝚄𝚁 𝙻𝙾𝚅𝙴 𝚂𝚃𝙾𝚁𝚈(𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴)Donde viven las historias. Descúbrelo ahora