Episode-6

1.5K 155 8
                                    

        ကျန့်ကျန့်! ကျန့်ကျန့်ရေ!!

      နေ့လည်စာစားရန်အတွက္မီးဖိုထဲမှာချက်ပြုတ်ကြော်လှော်နေတုန်း အရှေ့ဧည့်ခန်းကနေရိပေါ်ရဲ့အရေးတကြီးအော်သံကြောင့် ရှောင်းကျန့်မှာယောင်းမကိုပင်လက်ကမချနိုင်ပဲ အရှေ့ခန်းဆီအသည်းအသန်ပြေးထွက်လာရသည်။

      "ရိပေါ် ရိပေါ် ဘာဖြစ်လို့လဲ..."

      ဧည့်ခန်းထဲမှာခပ်တောင့်တောင့်ရပ်နေတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်မှာစိုးရိမ်စွာမေးလိုက္မိလျှင် ရိပေါ်ကဖွင့်ထားလက်စဖြစ်တဲ့တီဗွီကိုလက်ညိုးထိုးပြလာ၏။ ရိပေါ် ပြတဲ့အတိုင်းတီဗွီမှလာနေသည်ကို သူကြည့်လိုက်တော့ YAMAHA Groupကပြုလုပ်တဲ့ဆိုင်ကယ်ပြိုင်ပွဲတိုက်ရိုက်ထုတ်လွင့်နေမှုဖြစ်၏။

      "ကိုယ်‌ေတာ်သိသွားပြီကျန့်ကျန့်၊ ကိုယ်တော်ဒီအနာဂတ်ခေတ်မှာလုပ်ချင်တဲ့အရာကို..."

     "ကိုယ်တော် ဆိုင်ကယ်သမားဖြစ်ချင်တယ်၊ သူတို့လိုပြိုင်ပွဲတွေဝင်ပြိုင်ချင်တယ်..."

      ရိပေါ်ရဲ့စကားကြောင့်သူမှာအံ့ဩသွားရတာအပြင် ရင်ထဲမှာဘာမှန်းမသိတဲ့စိုးရိမ်မှုတို့ကလှိုက်တက်လာတာမို့ ရိပေါ်ရဲ့လက်က လေးကိုအလျှင်စလိုလှမ်းဆွဲလိုက္မိသည်။

      "သေချာစဉ်းစားပါဦးရိပေါ်ရယ်၊ Racer တစ်ယောက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးရိပေါ်ရဲ့ ခက်ခဲပြီးအန္တရာယ်များလွန်းတယ်၊  ဒီအလုပ်ကဘယ်လောက်အန္တရာယ်များလဲဆိုလေ့ကျင့်နေရင်းအက်စီးဒန့်ဖြစ်လို့ တစ်သက်လုံးဒုက္ခိတဖြစ်သွားတဲ့လူတွေ၊ အသက်ဆုံးရှုံးသွားရတဲ့လူတွေဆိုတာလည်းအများကြီးရှိတယ်၊ အဲဒါကြောင့် ဒီသက်စွန့်ဆံဖျားအလုပ်ကြီးကိုပြန်စဉ်းစားပါဦးရိပေါ်ရယ်..နော်.."

     လှပကြည်လင်နေတက်တဲ့မျက်လုံးလေးတွေဟာအခုချိန်မှာတော့ဖြင့်မှုန်မှိုင်းလို့နေ၏။ ကျန့်ကျန့်ကသူ့အတွက်တကယ်ကြီးရတက္ မအေးဖြစ်နေကာ စိတ်ပူနေတာမှန်းသိသာလွန်းလှသည်။ သူ့ဘဝမှာသူ့ဆီကဘာကိုမှမမျှော်လင့်ပဲ တစ်စုံတစ်ခုကိုရယူလိုခြင်းမရှိပဲ စိတ်ရင်းနဲ့ပူပန်ပေးခြင်းခံရတာက ကျန့်ကျန့်နှင့်မှပထမဆုံးဖြစ်၏။ အမြဲဂရုစိုက်ပြီးစိတ်ပူပေးတက်တဲ့ကျန့်ကျန့်အနားမှာနေရတာသူ့အတွက်တော့အေးချမ်းကာ‌ေနွး‌ေထွးလွန်းလှသည်။ ငယ်စဉ်ထဲကမရခဲ့ဖူးတဲ့မေတ္တာဓာတ်လေးကိုလည်း ကျန့်ကျန့်ဆီကခံစားရသည်။

𝙾𝚄𝚁 𝙻𝙾𝚅𝙴 𝚂𝚃𝙾𝚁𝚈(𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴)Where stories live. Discover now