ကြွေကွဲနေတဲ့နှလုံးသားကိုကုစားရန်အတွက်အားလပ်ချိန်ဆိုတာမရှိစေပဲ အပြင်ထွက်ပြီးလူရှာရာကနေပြန်လာတာနဲ့ လေ့ ကျင့်ကွင်းထဲမှာသာအချိန်ကုန်စေ၏။ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားတိုင်း နာကြင်ရတဲ့နှလုံးသားဒဏ်ရာကတစ်ရက်ထက်တစ်ရက်ပိုပြီးအဆိပ်သင့်နေသလိုပင်။ သူဘဝအတွက်ကျန့်ကျန့်ကမရှိလို့မဖြစ်တဲ့သူဆိုတာကို ပိုပြီးနားလည်လာရသည်။
ချွင်!
သူ့တပ်ဖွဲ့ထဲကလက်ရွေးစင်ခေါင်းဆောင်ရဲ့ဓားဟာ သူရဲ့အားပြင်းတဲ့ဓားခုတ်လွှဲမှုကြောင့် မြေပြင်ပေါ်သို့ပြုတ်ကျသွားမှ သူ့စိတ်ကလည်းဓားသိုင်းလေ့ကျင့်နေတဲ့ဆီပြန်ရောက်၏။
"ကျွန်တော်မျိုးရဲ့အသုံးမကျမှုအတွက်စိုးရွံ့မိပါတယ် မင််းသား.."
"သွားနားတော့.."
သူ့စိတ်ထွက်အဖြစ်မည်သူတစ်ဦးတစ်ယောက်အပေါ်ကိုမှ စိတ်ဖြေကာမလွှဲချလိုတာမို အနားကထွက်သွားဖို့ကိုသာအမိန့်ပေးမိသည်။
"အမိန့်တော်အတိုင်းပါအိမ်ရှေ့စံ..."
သူ့ကိုအရိုအသေပေးပြီးထွက်သွားတဲ့လက်ရွေးစင်ခေါင်းဆောင်ကိုကျောခိုင်း လိုက်ကာ လေ့ကျင့်ရေးကွင်းကမြေပြင်မှာပဲခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
ချစ်ရသူနဲ့ကွေကွင်းနေရတဲ့ဒုက္ခဟာပူ လောင်နာကြင်ရလွန်းပါ၏။
ကိုယ်တော်ဘယ်အချိန်မှမင်းမျက်နှာလေးကိုတွေ့ရပါ့မလဲ။
ကိုယ်တော်ဘယ်အချိန်မှမင်းအသံလေးကိုကြားရပါ့မလဲ။
ကိုယ်တော်ဘယ်အချိန်မှမင်းဆီကနွေးထွေးတဲ့အထိအတွေ့လေးကိုပြန်ရပါ့မလဲ။
ကိုယ်တော်ဘယ်အချိန်မှ မင်းကိုလွမ်း ဆွေးခြင်းေတွကင်းမဲ့စွာနဲ့ ချစ်ခွင့်ရပါ့မလဲ။
လရောင်မရှိကြယ်ရောင်ကင်းမဲ့နေတဲ့ကောင်းကင်ပြင်ကိုေငးကြည့်ကာ အတွေးတို့ကချစ်ရသူကိုသာသတိရနေမိလျက်။
'အိမ်ရှေ့စံ..."
ထိုအချိန်မှာပဲ လေ့ကျင့်ကွင်းထဲဝင်လာတဲ့ကျောက်ရိကသူ့အနားရောက်လာကာ အရို အသေပေး၏။
YOU ARE READING
𝙾𝚄𝚁 𝙻𝙾𝚅𝙴 𝚂𝚃𝙾𝚁𝚈(𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴)
Fanfictionခက်ထန်မှုနဲ့ထက္မြတ်မှုတို့ဖြင့်ပြည့်စုံသော အိမ်ရှေ့စံမင်းသား ဝမ်ရိပေါ် ၊ ထူးဆန်းသောမှော်အစွမ်းကြောင့် အချိန်ခရီးသွားပြီး ယနေ့ခေတ်သို့ရောက်ရှိလာသောအခါ...။ ယနေ့ခေတ်ရဲ့လူငယ်လေးရှောင်ကျန့် ၊ မထင်မှတ်ပဲအတိတ်ကာလဆီမှမောက္မာခက်ထန်သောအိမ်ေရှ့စံမင်းသာဝမ်ရိပေ...