Episode-5

1.5K 165 13
                                    

     မနက်ခင်းစောစောဆိုပေမဲ့တိုက်ခန်းအိုလေးအထိကြားနေရတဲ့ကားဆိုတဲ့အရာကထွက်‌ေပါ်လာတဲ့အသံတွေကြောင့်သူအိပ် ပျော်နေရာမှနိုးထလာရသည်။ မြင်မြင်သမျှအရာအား လုံးကအထူးအဆန်းနဲ့သင်ယူဖွယ်ရာတွေချည်းပဲဖြစ်နေပေမဲ့ သူကဉာဏ်ရည်ထက္ မြတ်သူဖြစ်တာကြောင့် ဘယ်လိုပဲအသစ် အဆန်းတွေဖြစ်ပါစေ ခဏတွင်းချင်းမှာပဲတက္မြောက်အောင်သူသင်ယူနိုင်၏။ ဒီနှစ်ရက်ဆိုတဲ့အချိန်အတောအတွင်းမှာကိုပဲသူတော်တော်များများသင်ယူပြီးနေပြီဖြစ်၏။ ဘေးကလူအပိုမပါပဲ တစ်ကိုယ်ရည်သန့်စင်ခြင်းကိုလုပ်နိုင်နေကာ ရေချိုးခန်းသုံးပစ္စည်းတွေ ကိုလည်းသူ့ဘာသာသူအသုံးပြုနိုင်နေပြီဖြစ်သည်။ ဒါ့အပြင်ကျန့်ကျန့်အိမ်မှာရှိတဲ့ တီဗွီဆိုတဲ့အရာကိုလည်းဖွင့်တက်ပိတ်တက်နေပြီဖြစ်ပြီး ထိုတီဗွီမှာလာတဲ့အရာတွေကိုသူစိတ်ဝင်စား၏။ ဒီနှစ်ရက်အတွင်းကျန့်ကျန့်ကစာရေးစရာရှိသည်ဟုဆိုကာ သူတို့နှစ်ယောက်အတွက်စားဖို့သောက်ဖို့ချက် ပြုတ်ပေးပြီးတာနှင့် လက်တော့ဆိုတာကိုသုံးလျက်တစ်နေ့လုံးနီးပါးစာရေးနေလေ့ရှိတာမို့ သူလည်းအပြင်မထွက်ရ။ ဒီနေ့တော့ကျန့်ကျန့်ကတားမြစ်နန်းတော်ထဲကိုသွားဖို့ရှိတာမို့ သူ့ကိုခေါ်သွားမည်ဟုဆို၏။

      အိပ်ခန်းတစ်ခန်းသာပါတဲ့အခန်းငယ်လေးထဲမှာ ရိပေါ်ရဲ့အိပ်ယာနဲ့မနီးမ‌ေဝးမှာရှိတဲ့မွေ့ယာလေးပေါ်မှာသပ်ရပ်စွာခေါက်တင်ထားတဲ့ အိပ်ယာလေးကြောင့် ကျန့်ကျန့်နိုးနေပြီဆိုတာသူသိလိုက်ပါ၏။ ရိပေါ်တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးချိန်မှာတော့ ကျန့်ကျန့်ကသူတို့နှစ်ယောက်အတွက် ခေါက်ဆွဲနဲ့အသားလုံးတွေရယ်အသီးအရွက်တစ်ချို့ရယ်ရောပြုတ်ထားသည့် မနက်စာကိုပြင်ထားပြီးပြီဖြစ်၏။

      "ရိပေါ်လာ မနက်စာစားရအောင်..."

      ကျန့်ကျန့်ကအိုးထဲကအငွေ့တထောင်း ထောင်းထနေတဲ့ခေါက်ဆွဲပြုတ်တွေကို ကြွေပန်းကန်လုံးထဲသေချာထည့်ကာ ရိပေါ်အရှေ့ချပေး၏။ ထို့နောက်အနံ့သင်းသင်းနှင့်အငွေ့တွေထနေဆဲဖြစ်သည့်နှပ်ကော်ဖီတစ်ခွက်နှင့်အတူ သူအမျိုးအမည်မသိတဲ့မုန့်တွေကိုပါချပေး၏။ ‌ကျန့်ကျန့်ကကော်ဖီကြိုက်သလို သူလည်းထိုကော်ဖီဆိုသည့်မဲညစ်ညစ်အရည်တွေကိုအစကအမြင်ကြောင့်မကြိုက်ပေမဲ့ သင်းပျံ့နေသည့်ရနံ့ကြောင့်မြည်းစမ်းကြည့်မိရာမှ နှစ်ခြိုက်သွားမိတာဖြစ်၏။

𝙾𝚄𝚁 𝙻𝙾𝚅𝙴 𝚂𝚃𝙾𝚁𝚈(𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴)Where stories live. Discover now