လက်ထဲကအဖြူရောင်ဆေးလုံးလေးတွေကိုကြည့်လိုက် ကောင်းကင်ယံမှာအေးချမ်းခန့်ထည်စွာတည်ရှိနေတဲ့ လမင်းကြီးကိုလှမ်းမျှော်ငေးလိုက် စားပွဲပေါ်ကနာရီလေးကိုကြည်လိုက်နှင့် ရှောင်းကျန့်အလွန်အမင်းစိတ်လှုပ်ရှားနေမိသည်။ ဒီညဆယ့်နှစ်နာရီအတိကိုကျော်လွန်ပြီးသွားချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိလိုက်တိုင်း ခုန်နေတဲ့ရင်အစုံကိုထိန်းချုပ်နိုင်စွမ်းပင်မရှိ။ တကယ်ပဲသူနှင့်ရိပေါ်ပြန်ဆုံတွေ့နိုင်မလား၊ ဒါမှမ ဟုတ်ဒီလောကကြီးထဲကနေတိတ်တဆိတ်နှင့်သူပျောက်ကွယ်သွားမလားဆိုတာ ကံကြမ္မာရဲ့အဆုံးအဖြတ်ပင်။
တချပ်ချပ်နှင့်ရွေ့လျားနေတဲ့နာရီလက်တံရှည်လေးဟာ ဆယ်နှစ်ဆိုတဲ့ဂဏန်းလေးဆီအတိအကျရောက်သွား ချိန်မှာတော့ သူလည်းအချိန်မဆိုင်းတော့ပဲ မျက်စိစုံမှိတ် ၍လက်ခုပ်ထဲကဆေးလုံးဖြူဖြူလေးတွေကိုပါးစပ်ထဲအပြည့်ထည့်ကာ အရံသင့်ထားထားတဲ့ရေခွက်လေးကိုယူ၍မော့ချလိုက်သည်။ ပြီးနောက် သူအိပ်ယာပေါ်ကိုအသာ အယာလှဲချလိုက်သည်။
ခဏအကြာမှာတော့ ရင်ထဲမှာမီးစနှင့်ထိုးသလိုပူပြင်းလာကာ မွန်းကြပ်မှုနှင့်အတူအသက်ရူရခက်လာ၏။ ဝေဝါးလာတဲ့အမြင်အာရုံနှင့်အတူမျက်ခွံလေးကလည်းအလွန် တရာလေးလံလာ၏။ ချွေးသီးချွေးပေါက်တွေလည်းကျနေကာ အိပ်ယာပေါ်လူးလှိမ်းနေရင်း ရင်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။
အာ့!
မခံမရပ်နိုင်အောင်နှလုံးသားဆီမှစူးခနဲနာကျင်အောင့်မျက္မှုနှင့်အတူ အမြင်အာရုံတွေပါပြာဝေလာ၏။
*ရိပေါ်ရေ ~ ကျေးဇူးပြုပြီး ငါနဲ့မင်းဆံုတွေ့ခွင့်ရပါစေ..*
နောက်ဆုံးအကြိမ်အဖြစ်တောင်းဆုပြုပြီးချိန်မှာတော့အသိစိတ်နှင့်အတူအရာအာလုံးအမှောင်အတိကျသွားသလို သူ့ခန္ဓာကိုယ်ဟာလည်း လေဟာနယ်ထဲမှာအတိုင်းအဆမဲ့စွာဖြင့်သစ်ရွက်လေးတစ်ရွက်လွင့်ေမျာနေသလိုပင်။
သူသေဆုံးသွားပြီလား! ဒါမှမဟုတ်ရိပေါ်နဲ့တွေ့ဆုံဖို့ရာအတွက္မျောလွင့်နေခြင်းပေလား။
YOU ARE READING
𝙾𝚄𝚁 𝙻𝙾𝚅𝙴 𝚂𝚃𝙾𝚁𝚈(𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴)
Fanfictionခက်ထန်မှုနဲ့ထက္မြတ်မှုတို့ဖြင့်ပြည့်စုံသော အိမ်ရှေ့စံမင်းသား ဝမ်ရိပေါ် ၊ ထူးဆန်းသောမှော်အစွမ်းကြောင့် အချိန်ခရီးသွားပြီး ယနေ့ခေတ်သို့ရောက်ရှိလာသောအခါ...။ ယနေ့ခေတ်ရဲ့လူငယ်လေးရှောင်ကျန့် ၊ မထင်မှတ်ပဲအတိတ်ကာလဆီမှမောက္မာခက်ထန်သောအိမ်ေရှ့စံမင်းသာဝမ်ရိပေ...