လွန်ခဲ့သောတစ်ပတ်ခန့်က...။
အချိန်ကညဆယ်နာရီခန့်ရှိနေပြီဖြစ်ပြီး ရာသီဥတုကလည်းနှင်းမှုန်လေးတွေတဖွဲဖွဲ ကျနေတာမို့ ပါးစပ်ထဲကနေအငွေ့တွေပါထွက်နေအောင်ချမ်းအေးလွန်းပါ၏။ ရှောင်းကျန့်တစ်ယောက်ချမ်းချမ်းစီးစီးနှင့်အပြင်သို့ထွက်လာရခြင်းမှာ စာရေးဆရာမူနှင့်တပည့်တွေကကော်ဖီဝယ်ခိုင်းသောကြောင့်ဖြစ်၏။ Delivery ကနေတစ်ဆင့်မှာလျှင်ရပါလျက်သူ့ကိုတမင်ထွက်ဝယ်ခိုင်းတာမို့ ကြိုးစားနေဆဲစာရေးဆရာပေါက်စဖြစ်တဲ့ရှောင်းကျန့်ခမျာတမင်အနိုင်ကျင့်ခံနေရမှန်းသိပေမဲ့လည်း ရိုက်ကွင်းအတွေ့အကြုံယူပြီးပညာ သင်ရန်အတွက် စာရေးဆရာမူအနားနေရမှ ဖြစ်မှာမို့ကျိတ်မှိတ်ကာသည်းခံနေရခြင်းပင်။
မှာလိုက်တဲ့ဆိုင်ကနေကော်ဖီဘူးတွေကိုပါဆယ်ဆွဲလာရင်း လမ်းကိုခပ်သွက်သွက်လျှောက်နေမိသည်။ သို့ပေမဲ့လည်းလမ်းရဲ့တစ်နေရာအရောက်မှာတော့ သွက်လက်စွာလှမ်းနေသည့် ရှောင်းကျန့်ရဲ့ခြေလှမ်းတွေဟာနှေးကျသွားရသည်။ နှင်းမှုန်တဖွဲဖွဲကျနေတဲ့ရာသီဥတုကိုအံတုလျက် လမ်းထောင့်တစ်နေရာမှာလှည်းကလေးဖြင့်ဖက်ထုပ်ကြော်တွေရောင်းနေသည့်အဘွားအိုတစ်ယောက်။ အလွန်ချမ်းနေပုံပေါ်ကာခပ်နွမ်းနွမ်းဖြစ်နေသည့် အနွေးထည်လေးကိုဆွဲစိရင်းလက်က
ေလးနှစ်ဖက်ကိုတင်းကျပ်စွာပိုက်ထားပုံက သူ့ကိုစိတ်မကောင်းဖြစ်နေသည်။ ဘောင်းဘီအိပ်ထဲကပိုက်ဆံလေးကိုဖွင့်ကြည့်မိတော့ လကုန်ရက်အထိတွက်ချက်ပြီးသုံးရမည့်ပိုက်ဆံကအနည်းငယ်သာကျန်၏။"ဟူး..."
ခပ်လေးလေးသက်ပြင်းမောကိုချရင်းသူ့ခြေလှမ်းတွေကို အဘွားအို၏လှည့်ကလေးဆီသို့ဦးတည်လိုက်သည်။
"အဘွား ဖက်ထုပ်ကြော်တစ်ပွဲဘယ် လောက်လဲခင်ဗျ..."
နှင်းမှုန်တဖွဲဖွဲကြားမှာရောက်လာတဲ့ဈေးဝယ်သူကောင်ချောလေး ကြောင့်အဘွားအိုရဲ့မျက်နှာမှာဝမ်းသာမှုအငွေ့အသက်တွေဖုံးလွှမ်းသွားခဲ့ကာ တက်ကြွစွာဖြင့် ဖက်ထုပ်တစ်ပွဲဘယ်လောက်ဖြစ်ကြောင်းပြန်ေပြာလာခဲ့တယ်။
YOU ARE READING
𝙾𝚄𝚁 𝙻𝙾𝚅𝙴 𝚂𝚃𝙾𝚁𝚈(𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴)
Fanfictionခက်ထန်မှုနဲ့ထက္မြတ်မှုတို့ဖြင့်ပြည့်စုံသော အိမ်ရှေ့စံမင်းသား ဝမ်ရိပေါ် ၊ ထူးဆန်းသောမှော်အစွမ်းကြောင့် အချိန်ခရီးသွားပြီး ယနေ့ခေတ်သို့ရောက်ရှိလာသောအခါ...။ ယနေ့ခေတ်ရဲ့လူငယ်လေးရှောင်ကျန့် ၊ မထင်မှတ်ပဲအတိတ်ကာလဆီမှမောက္မာခက်ထန်သောအိမ်ေရှ့စံမင်းသာဝမ်ရိပေ...