Episode-10

1.4K 137 5
                                    

         ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပြီးကတည်းက ထိုလူသားလေးအကြောင်းတွေးလိုက္မိတိုင်း ရင်ကတသိမ့်သိမ့်ခုန်၏။ ဒီဖက်ခေတ်ကမ္ဘာအရမနက်ဖြန်ဆိုသူဘဝရဲ့ပထမဆုံးပြိုင်ပွဲအတွက်စိတ်လှုပ်ရှားမိတာထက် ထိုလူသားလေးကိုဝန်ခံဖို့တွေးမိတိုင်းသာလွန်၍ ရင်ခုန်မိသည်။

        ပြိုင်ပွဲမစခင်ပြင်ဆင်ပြီးလို့ခဏတာအနား ယူနေရင်း ထိုချစ်ရတဲ့လူသားလေးဘယ်ရောက်နေပြီလဲသိချင်၍ ဖုန်းဆက်လိုက်တော့ စိတ်လှုပ်ရှားနေသည့်အသံလေးနှင့် ပြိုင်ကွင်းရှေ့ရောက်နေပြီဟုပြောလာတာကြောင့် ဝန်ထမ်းတစ်ဦးကိုအကူညီတောင်းကာ သူ့နားနေခန်းသို့ခေါ်ယူမိသည်။

      သူ့ကိုတစ်မေ့တစ်မောငေးလို့နေတဲ့လူသားလေးကြောင့် အလွမ်းဒဏ်ကိုသူတစ်ယောက်ထဲခံစားနေခဲ့ရတာမဟုတ်ပဲ ထိုလူ သားလေးနှင့်ဘက်ညီနေတာကြာင့် သူကျေ နပ်မိသည်။ သူစိတ္မထိန်းနိုင်လို့ပွေ့ဖက္မိ တော့ မဝံ့မရဲဟန်လေးဖြင့်ရုန်းလာသေးတာမို့ သူစကားအနည်းငယ်ပြောလိုက္မှငြိမ်သွားရှာ၏။

        ထိုအချိန်မှာပဲ တံခါးခေါက်သံနှင့်အတူ ရိပေါ်တို့အသင့်မှတာဝန်ရှိသူတစ်ယောက်က ကွင်းထဲဝင်ဖို့နဲ့အဖွဲ့ဓာတ်ပုံရိုက်ဖို့လာခေါ်တာကြောင့် ရင်ခွင်ထဲကကိုယ်လုံးလေးကိုမလွတ်ချင်လွတ်ချင်နှင့်လွတ်ပေးလိုက်ရသည်။

       "ကိုယ်တို့နှစ်ယောက်ထဲတွေ့တဲ့အခါကျရင်အရေးကြီးတဲ့စကားပြောစရာရှိတယ်၊ ကိုယ်တော့်ကိုစောင့်နေပါကျန့်ကျန့်..."

        သူအ‌ေလးအနက်ပြောလိုက်တော့ထိုလူသားလေးဟာလည်းအလေးအနက်ပုံစံနှင့်ပဲခေါင်းညိတ်ပြကာ သူရင်ခွင်ထဲကိုတိုးဝင်လာပြီးသူ့ကိုစိတ်ပူနေသည့်ဟန်လေးဖြင့် ဂရုစိုက်ဖို့ပြောလာတာကြောင့် နှလုံးသားထဲမှာရေနွေးစီးကြောင်းငယ်လေးတစ်ခု ဖြတ်စီးသွားရသည်။ ထိုနောက်မှာတော့ ပထမဆုံးကျူးကျော်ခြင်းအဖြစ်ထိုလူသားလေးရဲ့ ပါးပြင်နုနုကိုဖိကပ်နမ်းရှိုက်ကာအလျှင်အမြန်ပဲအခန်းထဲကထွက်လာ လိုက္မိသည်။မဟုတ်ရင်ထိုအခန်းထဲကနေသူခွာချင်မိမှာမဟုတ်ပေ။ အခန်းထဲမှာအူကြောင်ကြောင်လေးကျန်နေခဲ့မည့် လူသားလေးကိုတွေးမိပြန်တော့ သူ့နှုတ်ခမ်းတွေတွန့်ကွေးသွားသည်အထိပြုံးမိရပြန်၏။

𝙾𝚄𝚁 𝙻𝙾𝚅𝙴 𝚂𝚃𝙾𝚁𝚈(𝙲𝙾𝙼𝙿𝙻𝙴𝚃𝙴)Where stories live. Discover now