Episode - 3(U & Z)

967 40 0
                                    

Unicode

မီးရောင်ထိန်ထိန် လင်းနေသော စံအိမ် ကြီး ထဲတွင် အဆင့်အတန်းမြင့် အမှုထမ်း များ ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ က ခန်းမ ကြီးထဲတွင် ရောက်ရှိနေကြသည်။ထိုအချိန်တွင် အိမ်တော်သခင်မ ရောက်ရှိလာပီး ဧည့်သည်တော်များကို ယခု ဖိတ်ရသည့် အကြောင်းကိုပြောကြားခဲ့သည်။ဒေါ်ခင်သက်လျာ တယောက် ယနေ့တွင် ကျင်းပသော ပွဲ သည် သူမ ၏ သားလေး မင်းနှိုင်းခ အတွက် အသက်ငါး နှစ် ပြည့် မွေးနေ့ ပါတီကိုကျင်းပပြုလုပ်‌ ပေးခြင်း ဖြစ်သည်။ဟုတ်ပါသည်....သူမသားလေး နှင့် ခွဲရသည့် ထိုနှစ်များသည် သူမ ဘ၀တခုလုံး တကောင်ကြွက် အထီးကျန် ငှက် တကောင်လို ဖြတ်သန်းခဲ့ရသည်။ ခု မှ သူမ သားလေး နှင့် တွေ့ ဆုံ ခွင့်ရ၍ သူမ သားလေး အတွက် သူမ ဦးဆောင်လုပ်ကိုင်နေသော ကုမ္မဏီ များ မှ အကြီးအကဲများနှင့် ရှယ်ယာရှင်များ ကို ဖိတ်ကြားထား၍ သူမ ၏ လုပ်ငန်း ဆက်ခံ သူကိုလည်း ထိုပွဲတွင် တခါထဲ ကြေညာမည်ဖြစ်သည်။ သူမ ၏ အတွင်းရေးမှူးကို ခေါင်းတချက်ညိတ်ပြ၍ အတွင်းရေးမှူးက ပွဲ စင်ပေါ်တက်ကာ မိုက် ယူပီး ပွဲအစီအစဉ်ကို ကြေညာလေသည်။ ကြေညာနေစဉ်အတွင်း သူမ သည် အိမ်တော်အတွင်း အခန်း တခုထဲ သို့ ၀င်ရောက်သွားသည်။

အခန်း လေး ထဲတွင် သန့်ရှင်းသပ်ရပ်ပီး ‌အနောက်တိုင်း၀တ်စုံ ဖြူ လေး နှင့် နေဗီပြာရောင် နက်ကတိုင် လေးနှင့် ကိုယ်လုံးပေါ် မှန်ရှေ့တွင် ကြည့်နေသည့် သားဖြစ်သူ အနားကိုသွားလိုက်သည်။သူမ သားလေးသည် ပါးဖောင်းဖောင်း လေးနှင့် ဖြူ ဥ ကြည်လင်သော အသားရည်လေးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ မြင်သမျှ လူတိုင်း ချစ်ခင် နှစ်သက် နိုင်စွမ်းအပြည့်ဖြင့် ထိုကလေး သည် သူမ ၏ နှလုံးသည်းပွတ်လေးဖြစ်သည်။ အရွယ်နဲနဲ ရောက်လာ၍ ထိုကလေးမျက်နှာလေးသည် သူမ ယောက်ျား နှင့် ပိုတူ ‌လာလေ ဖြစ်သည်။တံခါးဖွင့်သံ ကြား လိုက် ရ၍ ကလေးလေး လှည့် ကြည့် လာ သည်။သူ့အမေ ကို မြင်သွားပီ ‌ဖြစ်သော ထိုကလေးပေါက် လေးသည် မိခင် ဆီသို့ တဟုန်ထိုး ပြေးဖက်လာသည်။မိခင် ကလည်း ကလေးလေးကို ပြေးဖက်လိုက်ပီး ပါးလုံးလုံးလေး နှစ်ဖက်ကို နမ်းကြူလိုက်သည်။

He is Trying To Catch MeWhere stories live. Discover now