Episode - 7(U & Z)

516 24 0
                                    

Unicode

ကျယ်၀န်းသောကွင်းပြင်ပြေးလမ်းတွင် Private လေယာဉ်တစင်း ဆိုက်ရောက်လာသည်....လေယာဉ်ပေါ်မှ အထွက် Austin နှင့် Jame တို့ကထိပ်ဆုံးက ဆင်းကြသည်... နောက်က Levi က ထွက်လာသည်... ဆံပင် ပွပွ လေးက ‌လေတိုက်တိုင်း ပိုပီး ပွသွားသယောင် ။ လေယာဉ် ပေါ်မှ ဆင်းလာပီး အတွင်းရေးမှူး က လာပီးနှုတ်ဆက်သည်။ထို့နောက် သူ ဦးဆောင်ရာဘက် ကို သွားလိုက်သည်။ Austin နှင့် Jame တို့ လည်း Levi သွားတဲ့ နောက်သို့သာလိုက်သွားကြသည်။ကားပါကင် ဘက်သို့ရောက်သောအခါ  အမဲရောင်ကား တစီး ရောက်လာသည်။ ကားတံခါး ဖွင့်လာပီး Levi လည်း ကားပေါ်တက်သွားသည် ။ Austin နှင့် Jame တို့လည်း တက်မည်အပြု အတွင်းရေးမှူးက လက်ဆန့်ပီးတားလိုက်သည်။သူတို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်ပီးကြောင်အသွားကြသည်။အတွင်းရေးမှူးက
"သခင်လေးတို့ နှစ်ယောက်က ကျွန်တော်စီစဉ်ပေးတဲ့ ကားတစီး ရှိပါတယ် ... အဲ့ကားနဲ့ သခင်လေးတို့တည်းမဲ့ ဟိုတယ်ကိုကျွန်တော်လိုက်ပို့ပါမယ်"

Austin နှင့် Jame က Levi ကိုပြန်ကြည့်လိုက်သည်.. Levi ခေါင့်ငြိမ့် ပြလိုက်မှ သူတို့ လည်း နောက်ဆုတ်သွားသည်...ကားလေးသည် သူတို့နှစ်ယောက်ကိုချန်ထားခဲ့သည်။Levi ကားပေါ်မှနေ၍ ကားပြတင်းအပြင်ဘက်ကိုငေးကြည့်နေသည်....ဒရိုင်ဘာ လည်း သတိပြုမိ၍ "သခင်လေး ...အိမ်တော်ခေါင်းဆောင်က ပင်မ အိမ်တော် ကိုတန်းလာခဲ့ဖို့ပြောလိုက်ပါတယ်.."
ဒရိုင်ဘာ လည်းပြောပီး Levi ကိုကြည့်လိုက်သည်.. Levi နှုတ်ဆိတ်နေပီး အပြင်ဘက်ကိုကြည့်နေသည်....ဒရိုင်ဘာလည်း " ဟို..ဟို..သခင်လေး..?"

"ငါသိပီ"

အေးစက်သော စကားကိုကြားရသော် ဒရိုင်ဘာတယောက် ချွေးပြန်လာသည်...ကားထဲမှာ Aircon ဖွင့်ထားရပ်နဲ့ မျက်နှာတခုလုံး ချွေးပြန်လာသည်...

ပင်မအိမ်တော်က တိုကျိုမြို့ ၏ အစွန်ဘက်နားရောက်သည်..ပတ်၀န်းကျင်က တိတ်တိတ်ဆိတ်ဆိတ် ၊ ဆာကူရာ ပန်း များပွင့်လန်း နေသောကြောင့် လမ်းတလျှောက် မြင်ကွင်းက အလွန်ကို လှပသက်၀င်နေသည်။ပင်မအိမ်တော် ကြီးသည် အလွန်ကိုကျယ်၀န်း သောကြောင့် ကားနဲ့ နာရီ၀က်လောက်ဆက်မောင်းရသည်။Levi ကားပေါ်မှဆင်းပီး အိမ်တော်ကိုကြည့်လိုက်သည်။အိမ်တော်ထဲမှ အစေခံတယောက်ထွက်လာပီး "သခင်လေး...အထဲကိုကြွပါ ...သခင်ကြီးစောင့်နေပါတယ်"

He is Trying To Catch MeWhere stories live. Discover now