Episode - 22(U & Z)

519 22 5
                                    

Unicode

စေ့စပ်ပွဲပီး၍ တပတ်ခန့်အကြာ

ပြာလွင်လွင်မိုးသား ကောင်းကင်ပြာကြီး‌‌ အောက်တွင် ရေလှိုင်းလေးများက ပုတ်ခတ်လျက် လေယူရာလိုက်ပါစီးမျောနေခဲ့သည်။
သဘာ၀အလှတရားများပြည့်၀နေသော ကမ်းခြေတခုတွင် လူအများအပြား စုဝေး၍ လက်ခုပ်သံတညံညံ ဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြု‌နေကြသည်။

[ ဒီပွဲကိုတက်ရောက်ကြတဲ့ ဂုဏ်သရေရှိဧည့်သည်တော်များ ၊ ရှယ်ယာပါတနာ များ ကျွန်တော်တို့ရဲ့ပွဲကိုတက်ရောက်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ၊ ဒီနေ့လိုနေ့ထူးနေ့မြတ် အတွက် ကုမ္ပဏီနှစ်ခု အကျိုးတူပူးပေါင်းတဲ့ ဒီစီမံကိန်းကြီးမှာ ပါ၀င်တဲ့မိသားစုတေကိုလည်းကျေးဇူးအထူးတင်ရှိပါတယ် ခင်မျာ]

[ ဒီစီမံကိန်းကြီး ရဲ့ နောက်ကွယ်က ဘယ်လိုလူက များစီမံလဲ အားလုံး သိပီးကြပီထင်ပါတယ် သူကတော့ လတ်တလောလေးကမှ ပူပူနွေးနွေးစေ့စပ်ထားတဲ့ သူတို့သားလောင်းလေး လီဗယ်လ် ပဲဖြစ်ပါတယ် သတို့သားလောင်းလေးကိုစင်မြင့်ပေါ်သို့ဖိတ်ခေါ်အပ်ပါတယ် ]

လက်ခုပ်သံတညံညံဖြင့် ဂုဏ်ပြုသံများကပဲ့တင်ထပ်လျက်ရှိသည်။
ဒါပေမဲ့ အဓိက လူက ခုထိစင်ပေါ်မရောက်သေးပေ။

တဖက်က သတို့သားလောင်း၏စေ့စပ်သူကောင်မလေးက စင်ပေါ်တက်သွားရပီး
ယခုပွဲကို အတတ်နိုင်ဆုံးဖြစ်အောင် ဆက်ကျင်းပလိုက်ရသည်။

---

ပွဲမကျင်းပမှီ လွန်ခဲ့သော ၂ နာရီခန့်က

လူးကပ်စ်တယောက်ရင်ထဲမှာထိတ်လန့်နေမိသည်။အဲလ်ဗက်နဲ့တွေ့တုန်းက အခြေအနေကိုသူပြန်တွေးလိုက်၏ ထိုစဉ်က သူတို့အစီအစဉ်မှာအခြားအဖွဲ့တခု ပါ၀င်နေကြောင်းသိလိုက်ရသည် ။ ထိုအဖွဲ့က လီဗယ်လ်ကို အသက်ရှင်ရက် လိုချင်ကြောင်းပြောကာ အကျိုးအမြတ်အတွက်လည်း ရက်ရက်ရောရောကမ်းလှမ်းခဲ့သည်။ဒီအစီအစဉ်မှာ အဲလ်ဗက်က တော့လောဘမီးတောက်နေသောမျက်၀န်းဖြင့် ခေါင်းငြိမ့်လက်ခံလိုက်သည်။ဝေစုကလည်းအဲလ်ဗက်အတွက်မက်လောက်စရာပဲလေ။ ယခုဒီစီမံကိန်းကို လက်ဝါးကြီးအုပ်ပိုင်ဆိုင်နိုင်မယ့်အပြင် နာမည်ကြီးနေသောဖျော်ဖြေရေးကုမ္ပဏီက ရှယ်ယာ ၂၀%လည်းရမည်ဖြစ်သည်။ လူးကပ်စ် သူ့ အတွက်ကတော့ သူတို့မိသားစုပိုင်ဖြစ်တဲ့ လုပ်ငန်းကြီးကိုအုပ်ချုပ်နိုင်ခွင့်ရမည်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Dec 21, 2023 ⏰

Add this story to your Library to get notified about new parts!

He is Trying To Catch MeWhere stories live. Discover now