Episode - 14(U & Z)

463 25 0
                                    

Unicode

ထိုပါတီပွဲပီးတည်းက ခုဆို တပတ်လောက်ပင်ရှိသွားပီဖြစ်သည်။ကုမ္ပဏီ ကိစ္စအ၀၀ကို ဒီရက်ပိုင်းတေမှာအခြေကျအောင်လုပ်ရ ၊ အရင်မာမီရှိတဲ့လုပ်ငန်းအချို့ကိုလည်းကိုင်တွယ်ရ နဲ့ ဒီရက်တေအတွင်းမှာ Levi တယောက်အားတယ်လို့ကိုမရှိပါ။မာမီ့ပိုင်ဆိုင်တဲ့ ကုမ္ပဏီအချို့ကိုLevi အသက် ၁၆ နှစ် အရွယ်မှာတရား၀င်ဆက်ခံခဲ့ပီး ဒီကိစ္စကို မာမီ့ရဲ့အိမ်တော်ထိန်း ခုLevi ရဲ့ အိမ်တော်ထိန်းဖြစ်သူမာ့ခ်နဲ့ Levi သာသိထားကြတယ်။အခြားဒယ်ဒီ့ဘက်က ဘယ်သူမှမသိ ၊ဆွေမျိုးမပြောနဲ့ သွေးနှောတဲ့ညီအကိုတေကိုတောင် မသိအောင်လျှို့ဝှက်စွာ ဆက်ခံပီးလုပ်ငန်းတေထဲကအချို့ကိုတော့ အိမ်ထိန်းမာ့ခ်ကိုပဲအပ်လိုက်တယ်။ခုဂျပန်ကသူငယ်ချင်းတေနဲ့စုပီးတည်ထောင်ထားတာကDesign ပိုင်းဘက်ရောက်ပီး ကျောက်စိမ်းအချို့ကိုလည်းလေလံဖြင့်ရောင်းချသည်။အဓိကလုပ်ငန်းရယ်လို့တော့မရှိ ၊မာမီ့ရဲ့ လုပ်ငန်းတေကတော့ မာမီ့မွေးရပ်မြေဖြစ်တဲ့ မြန်မာ မှာအဓိကရှိတာ အဲ့တော့ Levi နဲ့ ခုလောလောဆယ်အလှမ်းဝေးနေသေးတော့ မာခ့်ကိုပဲ အပ်ထားလိုက်တယ်။ဒီမှာစက်ရုံတေအတည်ဖြစ်ပီးလုပ်ငန်းလေးလည်းအတည်တကျဖြစ်သွားရင်တော့ မာမီ့မွေးရပ်မြေကိုသွားဖို့စီစဥ်ထား၏။

" သားကြီး..ရေငါတော့ ဒီရက်ပိုင်းတေမှာအလုပ်ကြောင့် အဖိုးကြီးပုံတောင်ပေါက်နေပီကွာ " Jame တယောက် အလုပ်ကြောင့်ညဉ်းညူနေ၏။

ဟုတ်လည်းဟုတ်တာပဲ သူတို့မှာခုနောက်ပိုင်း
အလုပ်နဲ့လက် ပြတ်တယ်လို့ကိုမရှိ။အရင်ဟိုမှာတုန်းကတော့ ပေါ့ပေါ့ပါးပါး ပျော်ပါးလိုက် စားသောက်လိုက်နဲ့ ဖြတ်သန်းနေကြ။ခုကျတော့ နားဖို့ကိုတောင်ဘယ်ဆီနေမှန်းမသိ။

" အေး...ငါတို့လည်းအလုပ်ပိပီး အိုစာသွားအုံးမယ် ခုတလော ငါတို့သုံး‌ကောင်ကောင်မလေးတေနဲ့ မ‌ပျော် ဖြစ်တာလည်းကြာနေပီ"

" ဘယ်လိုလဲသွားကြမလား"

" ချကွာ ..လတ်ဆတ်မှုတေနဲ့အလှမ်းဝေးတာကြာနေပီ"

" ကောင်းပီ..ဒါဆိုညနေကျရင်ကလပ်ကိုသွားရအောင် "
Austin ကပြောပီး Levi ကိုအဓိပ္ပာယ်ပါ‌ သောအကြည့်ဖြင့်

He is Trying To Catch MeWhere stories live. Discover now