Episode - 4(U & Z)

701 33 0
                                    

Unicode

မွေးနေ့ ပွဲ ပီး ၍ သုံးရက်မြောက်သောနေ့ တနေ့တွင် နှိုင်းခ တယောက် သူ့ ဒယ်ဒီ ဆီ မှ ဖုန်း ဆက်လာသည်...နှိုင်းခ သူ့ဒယ်ဒီ ဖုန်းကိုကိုင်လိုက်ပီး ..သူ့ဒယ်ဒီက ..[Levi ....သား အဲ့ မှာ အကြာကြီး နေလို့ မရဘူးနော် ဒီမှာက စာသင် ရမှာတေ ရှိတယ် အဲ့တာကြောင့် တပတ် အတွင်းအိမ်‌တော်ကိုပြန်လာခဲ့ ..ဒယ်ဒီ့..ကိုယ်ပိုင် လေယာဉ် လွှတ်လိုက်မယ်..]
နှိုင်းခ: [ဟုတ်...ဒယ်ဒီ သား ပြန်လာပါ့မယ် ဒီ မှာက လည်း မာမီ့ကို မတွေ့ရတာကြာပီ ဆိုတော့ မာမီ နဲ့ ပဲ အချိန် အများစု နေဖြစ်တယ် ဒယ်ဒီ...မာမီ ကကုမ္ပဏီ ကိစ္စ တေနဲ့ အလုပ်များနေတော့ အိမ်မှာ နေတဲ့ အချိန် သိပ်မရှိဘူးလေ..အဲ့တာကြောင့် သား မာမီ ရှိတဲ့ ကုမ္ပဏီ ကို နေ့တိုင်းလိုက်သွားတာ..ဒယ်ဒီ စိတ်မပူ ပါနဲ့ သား တပတ် အတွင်း ပြန်လာခဲ့ မှာပါ]

[--]*ဒါက အရင် အပိုင်းမှာလည်း ပြောဘူးပါတယ် ဂျပန်လိုပြောတာပါ

နှိုင်းခ သူ့ဒယ်ဒီ နဲ့ ဖုန်းပြောပီးနောက် မာမီ ရှိရာ ကုမ္မဏီ သီးသန့် ခန်းသို့ သွားလိုက်သည်..တံခါး ဖွင့်၍ ကြည့်သော်အခန်းထဲ၌ စာရွက်စာတမ်းများနှင့် အလုပ်ရှုပ်နေသော မာမီ ကိုတွေ့ရသည်..နှိုင်းခ သူ့မာမီဆီသွားလိုက်ပီး မာမီ့ကိုဖက်ထားလိုက် သည်..မာမီလည်း လုပ်လက်စအလုပ်တေကို ရပ်ထားလိုက်ပီး ကလေးလေးကို ဖက်ပီး နမ်းရှုပ်လိုက်သည်..နှိုင်းခ တယောက် တခစ်ခစ် နဲ့ ရယ်နေသည်...ဒီ ကမ္ဘာ ပေါ်မှာ နှိုင်းခ အချစ်ဆုံး ဂရုအစိုက်ဆုံးက သူ့ မာမီပင်...မိခင်နဲ့ ငယ်ငယ်ထဲက ခွဲရ၍မိခင်မေတ္တာကို သူလိုချင်သည်..အလားတူ ဖခင် မေတ္တာကိုသူလိုချင်ပါသော်လည်း...သူ့ အဲ့အကြောင်းကို မစဉ်းစားချင်ပါ...သူ ခေါင်းခါလိုက်ပီး မာမီ့ ရင်ခွင်ထဲ ပိုတိုး၀င်လိုက်သည်...လက်ရှိမှာ မာမီ နဲ့သာ အတူ ရှိဖို့ ဆုံးဖြတ်လိုက်သည်...

--

Ryan တယောက် ကုမ္ပဏီ ၏စာရွက်စာတမ်း များကို တင်ပြရန် လက်ရှိ CEO ရုံးခန်းသို့ အသွား အသားဖြူဖြူ လုံးလုံး လေးနဲ့ ကလေး လေးတယောက်ကိုတွေ့လိုက်သည်...သူမသိစိတ်က နှုတ်ခမ်း ထောင့်လေး မြင့်တက်သွားပီး ထိုကလေး ၀င်သွားသော အခိုက်အတန့် တွင်အခန်းရှေ့တွင် ရပ်ပီး အထဲက ပြောစကားသံ‌ လေးကိုကြားရသည်...Ryan ထိုကလေးကိုစတွေ့ထဲက သူတခါမှ မဖြစ်ဘူးသော မြတ်နိုးခြင်းများ၊ ယုယ ကြင်နာ မှုများကို ထိုကလေး ကို မြင်ရုံဖြင့် သူပေးချင်မိသည်...

He is Trying To Catch MeWhere stories live. Discover now