Episode - 13(U & Z)

436 24 0
                                    

Unicode

ခန်းမကြီးတလျှောက်လူအများစုဝေးနေကြရာ အကြီးအကဲတယောက်လည်းဖြစ် ၊ လုပ်ငန်းရှင်လည်းဖြစ်သည့် Ryan တယောက် ခန်းမထဲစ၀င်ထဲက လူအချို့မှာ သူ ရှိရာဆီလာရောက်နှုတ်ဆက်ကြသည်။Ryan လည်းဥက္ကဌတယောက်ဖြစ်နေရာ နိုင်ငံရေးနယ်ပယ်မှအရာရှိများကို နှုတ်ဆက်စကားပြောရတော့သည်။တဖြည်းဖြည်းနဲ့လူများလာရာ Ryan တယောက်စိတ်ရှုပ်စွာ ခန်းမတလျှောက်သူကြည့်လိုက်တော့ ရင်းနှီးနေသောမျက်နှာ တနည်းအားဖြင့် သူ့၀မ်းကွဲညီဖြစ်သူ Steven ကိုတွေ့လိုက်ရသည်။Ryan လည်း ထိုကောင်ကိုစူးရဲစွာကြည့်လိုက်တော့ Steven ကလည်း ထီမထင်ဟန်ပြန်ကြည့်လိုက်သည်။ထို့နောက် Ryan သည် Steven ဘေးကအရပ်ရှည်ရှည်၊ ခန္ဓာကိုယ်အချိုးအစားမှာ ပြေပြစ်လှပီး အသားဖွေးဖြူနေသောကောင်လေးတယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည် သူကြည့်မိရာ ထိုကောင်လေးလည်း Ryan အကြည့်ကို သတိထားမိ၍ထင် သူ့ကိုပြန်ကြည့်လာလေသည်။

ပြာလဲ့လဲ့မျက်လုံးပိုင်ရှင်နှင့် Ryan ဆုံမိခိုက်သူ့ အမူအရာက ခက်ထန်နေရာမှ နူးညံ့မှုများလွှမ်းခြုံလိုက်သလိုပင် Ryan ထိုကောင်လေးကိုကြည့်နေမိသည်။ ' နောက်ဆုံးတော့ တွေ့ပီ...မတွေ့ရတဲ့ နှစ်ပေါင်းများစွာ အတွင်း မင်းကပိုလှလာသလိုပဲ ကလေးရယ် ' Ryan စိတ်ထဲရေရွတ်လိုက်မိသည်။ခဏအကြာ Ryan သူ့အမူအရာက ခက်ထန်လာပြန်သည် အကြောင်းကတော့ ထိုကလေးရဲ့ ဘေးတွင်ရပ်နေသော Steven ဆိုတဲ့ကောင်ကြောင့်ပင်။ ' ကောင်လေးရဲ့ဘေးမှာဘာဖြစ်လို့ Steven ဆိုတဲ့ကောင်ကရောက်နေတာလဲ ၊ ဘာဖြစ်လို့သူတို့နှစ်ယောက်ကိုကြည့်ရတာ တ ယောက်နဲ့တယောက်ရင်းနှီးနေပုံပေါက်နေရတာလဲ ' Ryan သူ့ရင်ထဲက ဒေါသကိုထိန်းချုပ်လိုက်ပီး  ထိုကောင်လေးရှိရာဆီ
သူ့ခြေလှမ်းများကလျှောက်လှမ်းလိုက်သည်။

Ryan သူ့ပတ်လည်ကလူအုပ်ကြီးကြောင့် ရှေ့ဆက်သွားရန်ခက်ခဲနေတုန်း သူ့သက်တော်စောင့်များကအမြန်ရောက်လာပီးထိုလူအုပ်ကြီးကိုလမ်းဖယ်ခိုင်းလိုက်ရသည်။ထိုအခါမှလူအုပ်ကြီးမှာ ကျဲသွားပီး Ryan သွားရာဆီကိုသူတို့ကြည့်လိုက်ကြသည်။

Levi ထိုလူနှင့်မျက်လုံးချင်းတွေ့ဆုံခိုက် ရုတ်တရက် ထိုလူကသူ့ရှေ့မှောက်၀ယ်ရောက်လာသောအခါ မယုံနိုင်အောင်ငေးမောနေရသည်။ Ryan ဆိုသောထိုလူသည်
အင်ပါယာနိုင်ငံတွင် အလွန်ကိုဩဇာရှိသောလူတယောက်ဖြစ်ပီး လူအများအားကျအတုယူဖွယ်ကောင်းလောက်အောင်ထက်မြတ်လွန်းသူလည်းဖြစ်ရာ လူငယ်များအကြားလေးစားရသော လူတယောက်လည်းဖြစ်ပေသည်။ထို့ပြင်နိုင်ငံရေးသမားများမှာလည်း ထိုလူနှင့် မကင်းနိုင်။အကြောင်းမှာ
အင်ပါယာရှိစီးပွားရေးလုပ်ငန်းများအားလုံး
ကို ထိုလူကချုပ်ကိုင်ထားသောကြောင့်ဖြစ်ရာနိုင်ငံတနိုင်ငံတိုးတက်ခေတ်မှီဖို့အတွက်
လုပ်ငန်းရှင်ဥက္ကဌ ဖြစ်သူ ထိုRyan ဆိုသောသူကိုသာ အားထားရပေသည်။ထို့ကြောင့်
Baron ဆိုသောမျိုးရိုးစဉ်ဆက်၀ယ် သူတို့လုပ်ငန်းများမှာတဟုန်ထိုးတိုးတက်လာပီး အချိန်တိုအတွင်း အင်ပါယာ၏စီးပွား‌ရေးကိုချုပ်ကိုင်နိုင်သူဖြစ်တဲ့ Ryan ကြောင့်သာ မျိုးဆက်သမိုင်းတလျှောက်မှာဩဇာရှိခဲ့တာဖြစ်သည်။ထိုသို့သော ကြီးမြတ်သူ မှာယခုLevi ရှေ့တွင်ရပ်နေသောကြောင့်သူ့အတွေးများထဲ၀ယ်ထိုလူ၏ဂုဏ်သတင်းများနဲ့သာပြည့်နေတော့သည်။

He is Trying To Catch MeWhere stories live. Discover now