Episode - 12(U & Z)

449 25 0
                                    

Unicode

[ ဒီနေ့ဟာနိုင်ငံတကာစီးပွား‌ရေးလုပ်ငန်းရှင်ကြီးများ‌ တွေ့ဆုံကြပီး လုပ်ငန်းဖွဲ့စည်းမှုများအားဖလှယ်ကြရာ ထိုပွဲတွင်အင်ပါယာနိုင်ငံရဲ့ထိပ်သီးစီးပွားရေးခေါင်းဆောင်ဖြစ်သူ
လူငယ်မျိုးဆက်ရဲ့လမ်းပြဖြစ်သူ Baron Ryan လည်းတက်ရောက်မှာဖြစ်ပါတယ်။
Baron မျိုးရိုးဟာဆိုရင်အင်ပါယာနိုင်ငံမှာမသိသူမရှိ လောက်အောင် နိုင်ငံရေးနယ်ပယ်မှာရော စီးပွားရေးနယ်ပယ်မှာပါ မျိုးရိုးစဉ်ဆက်ဆက်ခံလာခဲ့ကြတာဖြစ်ပါတယ်။]
[ ယခုကျင်းပတဲ့ စီးပွားရေးထိပ်သီးညီလာခံမှာနိုင်ငံအနှံ့အပြားက လုပ်ငန်းရှင်ကြီးများ၊ နယ်ပယ်အသီးသီးက ကျော်ကြားသော အနုပညာရှင်များလည်းတက်ရောက်ကြမှာဖြစ်ပါတယ်]

တီဗွီ ချန်နယ်လ် အမျိုးမျိုးက သတင်းထောက်များက ကင်မရာကိုယ်စီဖြင့် တလက်လက်တောက်ပနေသောမီးရောင်အောက်တွင် ထိပ်သီးညီလာခံသို့တက်ရောက်လာသောဧည့်သည်တော် များကို မှတ်တမ်းတင်ရန်ဓာတ်ပုံများတဖြတ်ဖြတ်ရိုက်နေကြသည်။ ချန်နယ်လ်များကလည်းတိုက်ရိုက်ထုတ်လွှင့်ပြသနေကြသည်။ထိုစီးပွားရေးဆိုင်ရာဆွေးနွေးပွဲ နိုင်ငံရေးသမားများပါ ပါနေရာ သတင်းထောက်များမှာ ပွဲကျင်းပရာခန်းမကြီးထဲသို့ မ၀င်ရောက်ရပေ။ထိုပွဲသို့တက်ရောက်သော အနုပညာရှင်များ နဲ့ ပွဲတက်ရန်ရောက်လာသော သူဌေး များကိုသာ ဓာတ်ပုံရိုက်ရပေသည်။လုံခြုံရေးတင်းကြပ်သောကြောင့်သတင်း‌ထောက်များမှာအပြင်ဘက်တွင်သာသတင်းတင်ဆက်ရသည်။

ထိန်လင်းနေသောမီးရောင်စုံများ ၊ တန်ဖိုးကြီးသောလက်၀တ်လက်စားများကို၀တ်ဆင်ထားသောမိန်းမပျိုများ ၊ ပါတနာ ကိုယ်စီဖြင့်လာရောက်သောဧည့်သည်တော်များ ကတိုက်ရိုက်ထုတ်လွှင့်မှုတွင်နေရာအများဆုံးယူနေကြသည်။

ထိုစဉ်တန်ဖိုးကြီးဇိမ်ခံကားကြီးသည် ပွဲကျင်းပရာနေရာဆီရောက်လာရာ သတင်း ထောက်များမှာသူ့ထက်ငါအပြိုင်တိုးကြိတ်ပီး ကားထဲမှထွက်လာသောလူ ဘယ်သူဖြစ်မလဲမှန်းရင်းကင်မရာတဖြတ်ဖြတ်ရိုက်နေကြသည်။သက်တော်စောင့်တဦးမှကားတံခါးဖွင့်လိုက်ပီး ကားထဲကသူ ထွက်လာသည်။

He is Trying To Catch MeWhere stories live. Discover now