Episode - 6(U & Z)

584 32 1
                                    

Unicode

ကြည်လင်သောကောင်းကင် ပြာရောင်အောက်တွင်ရွှေရောင်သန်းနေသောနေလုံးကြီးတရိပ်ရိပ်နဲ့ပေါ်ထွက်လာသည်။ခန်းဆီးကြားမှထွက်ပေါ်လာသောနေရောင်မှုန်ပြပြလေးသည်ခုတင်ပေါ်တွင်နှစ်ခြိုက်စွာအိပ်နေသောလူငယ်လေးပေါ်သို့ကျရောက်လာသည်။နေရောင်စူးစူးက မျက်ခွံပေါ်သို့ကျနေရာ လူငယ်လေး က မျက်မှောင်ကြုပ်လိုက်ပီး စောင်ခေါင်းမှူး ခြုံ၍ ဆက်အိပ်နေလိုက်သည်.....နာရီသံ တချက်ချက်နှင့် မြည်နေရာ အချိန်ရောက်သော် နှိုးစက်အသံမြည်လာသည်..စောင်ကိုဖယ်ထုပ်လိုက်ပီး မြည်နေသော နှိုးစက်ကိုပိတ်လိုက်ပီး အချိန်ကိုကြည့်လိုက်ရာ မနက် 10နာရီ ကျော်နေပီဖြစ်သည်ကိုတွေ့လိုက်သည်...အိပ်ချင်နေသော မျက်လုံးတို့ တမဟုတ်ချင်း နိုးလာပီး   ရေချိုးခန်းဆီသို့ သွားလိုက်သည်...ရေချိုးသန့်စင်ပီး အ၀တ်အစားများကို၀တ်၍အောက်ထပ်သို့အလျင်ဆင်းပီး ဂိုထောင်ထဲက ကားကိုထုတ်၍ မောင်းထွက်သွားသည်...

သခင်လေးမနက်စာမစားဘဲထွက်သွားသည်ကိုကြည့်၍ အိမ်တော်ထိန်းကြီး သည်အ‌စေခံများအားပြင်ဆင်ထားသော မနက်စာများကို ပြန်သိမ်းရန်  ခိုင်းလိုက်သည်....

အိမ်တော်မှကားဖြင့်ထွက်ခဲ့ရာ လမ်းမကြီးပေါ်တွင်ဥဒဟိုသွားလာနေသောကားတန်းများ ကြောင့် စိတ်မရှည်ဖြစ်ရသည်..အရေးထဲ မီးပွိုင့်က နှစ်ကြိမ်တောင် မိသောကြောင့် ပို၍စိတ်မရှည်ဖြစ်လာရသည်....ပြိုင်ကားလေးသည် မြို့၏ အမြင့်ဆုံးတာဝါ ရှိရာအဆောက်အဦး၏ ကားပါကင်တွင်ရပ်လိုက်သည်....ကားထဲမှထွက်ပီး အထပ် 35 ထပ်သို့ သီးသန့်ဓာတ်လှေကားဖြင့်တပ်သွားလိုက်သည်။အထပ်35 ထပ်ရှိ အခန်း 608 ထဲသို့ ကတ်ကိုဖွင့်၍ ၀င်လိုက်သည်...အခန်းထဲတွင် လူငယ် သုံးယောက် ရောက်နေသည်ကိုတွေ့လိုက်ရသည်...Levi အနီးနားက ဆိုဖာတွင်ထိုင်လိုက်ပီး လူနှစ်ယောက်ကိုကြည့်၍ မေးခွန်းမေးလိုသော အကြည့်ဖြင့်ကြည့်လိုက်သည်....

Austin က Levi အကြည့်ကိုတွေ့သော် အလျင် စကားဆိုလိုက်သည်...
" Bro...ဒါက ငါတို့ လုပ်ငန်း နဲ့ပက်သက်ပီးစိတ်၀င်စားလို့လက်တွဲလုပ်ချင်တဲ့ အကို လေ သူက ငါတို့ထက် အသက်နဲနဲကြီးပီး ဒီ နယ်ပယ်မှာ အတွေ့အကြုံလည်းများတော့ ဘာတေကိုရှောင် ရမလဲ သိသွားတာပေါ့"

He is Trying To Catch MeWhere stories live. Discover now