Engagement Ring

804 80 2
                                    

______________________
Unicode

"သားဝမ်ရေ ထတော့ ဒီနေ့ကိစ္စတခုရှီတယ်"

"အင်းး မားကလည်း ဒီနေ့ Saturdayလေ ကျောင်းပိတ်တယ် အေးဆေးအိပ်ပါရစေနော်~"

"မရဘူးအခုထ အိမ်ကိုဧည့်သည်တွေလာစရာရှီတယ်"

"ဘယ်သူတွေမို့လို့ ကျွန်တော့်ကိုနိုးတာလဲ"

"ရောက်လာရင်သိလိမ့်မယ် အခုထပြီးရေချိုးတော့နော် မဟုတ်ရင်မုန့်ဖိုးဖြတ်မယ်"

"ဟာာ"

ကျောင်းပိတ်ရက်လေးအေးဆေးနားရမလားမှတ်ပါတယ် အခုတော့......။မုန့်ဖိုးကလည်းအဖြတ်မခံနိုင် အိပ်ကလည်းအိပ်ချင်နဲ့ စိတ်ရှုပ်ထွေးစွာဆံပင်တွေကိုဆွဲဖွပစ်လိုက်ပြီး ပျင်းရိပျင်းတွဲအိပ်ယာမှထလိုက်သည်။

"ရေချိုးပြီးရင် ဒါလေးဝတ်လိုက်နော်"

မားချပေးသွားတဲ့ ဝတ်စုံကိုကြည့်ပြီး ရိပေါ်မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်သူ‌တွေလာမှာမို့ suitဝတ်ရမှာလဲ ပြီးတော့အမဲလည်းမဟုတ်ဘူး အဖြူရောင်ကြီး

"အခုမထသေးဘူးလား 9နာရီအတိအောက်ဆင်းလာခဲ့ တမိနစ်နောက်ကျရင်ကို မုန့်ဖိုးဖြတ်ပြီ"

"ပြင်ပြီလို့ အခုပြင်ပြီ"

ရိပေါ်မှာအချိန်ဆွဲပြီး စဉ်းစားချိန်တောင်မရတော့ဘဲ အလျင်အမြန်ကိုထလို့ ရေချိုးခန်းကိုပြေးရတော့သည်။အဝတ်တွေဝတ်အကုန်ပြင်ဆင်ပြီး မှန်ရှေ့ကိုရပ်မိတော့ မှန်ထဲကကိုယ့်ကိုယ်ကိုကြည့်ပြီး လက်မထောင်ပြလိုက်သည်။

"ဘယ်လိုဝတ်ဝတ်ကိုချောနေရောဘဲ"

အဖြူရောင်တွေဝတ်ထားတော့ မသိရင် သတို့သားကျနေရော...ခ်ခ်..ကိုယ့်အတွေးနဲ့ကို သဘောတွေကျနေတဲ့ ရိပေါ်။

"မား ကျွန်တော်ပြီးပြီနော် 9နာရီထိုးဖို့အများကြီးလိုသေးတယ်"

"အေးအေ အဲ့မှာခဏစောင့်နေ"

ရိပေါ် မားပြောတဲ့အတိုင်းဧည့်ခန်းမှာထိုင်ပြီး စောင့်နေလိုက်တယ်။ခဏကြာတော့ အပြင်ကကားသံတွေကြားလာရသည်မို့ တံခါးဝကိုထွက်ကြည့်မိတော့ ရှောင်းကျန့်တို့ဖြစ်‌လို့နေသည်။

✨별✨ (Star)Where stories live. Discover now