Break up

627 56 2
                                    

Unicode

Xiao Zhan:
"ငါတို့ လမ်းခွဲမယ်"

Wang Yibo:
"မင်းသဘောဘဲ"

တဖက်တချက်ဆီကိုလှည့်ထွက်သွားတဲ့ကောင်လေးနှစ်ယောက်။ နှစ်ယောက်လုံးမျက်နှာဟာ ဝမ်းနည်းနေသည်လား စိတ်ဆိုးနေသည်လား သေချာဆုံးဖြတ်နိုင်ခြင်းကင်းလှသည်။ ဒါတွေဘယ်ကစလဲဆို....

ကျောင်းလေ့လာရေးခရီးကအပြန် သူတို့ကိုယ့်အိမ်ကိုသာပြန်လာခဲ့ကြတယ်။ သူတို့ချစ်သူတွေဖြစ်နေကြောင်းကိုတော့ နောက်တရက်မှာဘဲဖွင့်ပြောဖြစ်ခဲ့ကြတယ်။နှစ်ဖက်မိဘတွေရဲ့ ပျော်ရွှင်မှုနဲ့ ခွင့်ပြုတယ်ဆိုတဲ့စကားကြောင့် သူတို့နှစ်ယောက်တရားဝင်ရည်းစားဖြစ်ခဲ့ကြပြီး ကျောင်းမှာပါ သူတို့အကြောင်းတစ,တစပြန့်နှံ့လျက်

ဒီအထိသူတို့ဘာမှမဖြစ်ခဲ့ကြပါဘူး။သူတို့အကြောင်းကိုသိသွားကြတော့ တချို့ကရှုံ့ချကြပေမယ့် တချို့ကလက်ခံခဲ့ကြတယ်။ဒါတွေကိုလည်းသူတို့စိတ်ထဲမထားပါဘူး အဓိကလူကသူတို့နှစ်ယောက်သာမို့...

အင်း... လမ်းခွဲရတဲ့အဓိကအကြောင်းကတော့ သူတို့နှစ်ယောက်ရဲ့ တလပြည့်တဲ့နေ့မှာစတာ။
ဘယ်ကစလဲဆို "ချစ်တယ်"ဆိုတဲ့စကားကြောင့် ရှောင်ကျန့်ကဘာစိတ်‌ကူးပေါက်တယ်မသိပေမယ့် အဲ့နေ့ကသူ့ကို "ချစ်တယ်"ဆိုတဲ့အကြောင်းစာတွေဖွဲ့ခိုင်းနေခဲ့တာ အဲ့တာကို ရိပေါ်ကချစ်ကြောင်းမပြောခဲ့လို့ဆိုပြီး စိတ်ဆိုးသွားပါလေရဲ့

ရိပေါ်ကမပြောချင်လို့မဟုတ်ဘဲ ပြောဖို့မလိုတော့ဘူးလို့တွေးမိလို့ မပြောတာ ချစ်သူတွေဘဲဖြစ်ပြီးနေပြီ တယောက်ကိုတယောက်မျက်စိရှေ့ကပျောက်မှာစိုးလို့ ကော်ကပ်ထားသလိုမခွာဘဲ တပူးပူးတတွဲတွဲ တယောက်အကြောင်းတယောက်ကလည်း အတွင်းသိတာမှလွန်ရော အဲ့တာကိုချစ်ကြောင်းပြောနေဖို့လိုသေးလို့လား။

*ရှောင်ကျန့်ကမရင့်ကျက်ဘူး ကလေးဆန်လွန်းတယ် လမ်းခွဲတာကသူတို့အတွက်အကောင်းဆုံးလမ်းဘဲ*

################

ဝုန်း! ဒုန်းး!

အခန်းထဲရှီသမျှပစ္စည်းတွေ မြင်မြင်ရသမျှစိတ်ရှုပ်စရာတွေဖြစ်နေတာမို့ ရှောင်ကျန့်ကလွှင့်ပစ်နေတယ်။

✨별✨ (Star)Where stories live. Discover now