Do You Wanna Be My Lover

639 63 6
                                    

Unicode

🎶Tell Me Do You Wanna Be My Lover

Are You Ready To Be Mine

더 서둘러도 돼      
ပိုပြီးမြန်မြန်ဖြစ်ချင်လဲဖြစ်တယ်....

My Eyes, Your Eyes

And Tell It To Me Quick, Don't Lie🎶

                    __________________

"အဟမ်း မင်းငါ့ကို..စားစရာမှတ်နေလား ဘာလို့ခဏခဏငါ့နှုတ်ခမ်းတွေကို လာစားချင်နေတာလဲ"

"ဟမ်???"

"ဟုတ်..ဟုတ်တယ်လေ မင်းက အဲ့လိုတွေ လာ,လာလုပ်နေတော့ ငါ....ငါ"

ရှောင်ကျန့်တယောက် ရိပေါ်အားစူးစူးစိုက်စိုက်ကြည့်ကာ ပြောလာမည့်စကားကို မျှော်လင့်တကြီးစောင့်နေမိတယ်။

"ငါ....မသိတော့ဘူးကွာ"

မင်းရောငါ့လိုဘဲ ရင်ခုန်လားလို့ မေးချင်ပေမယ့် ပါးစပ်ကနေစကားလုံးတွေကထွက်မလာဘဲ ပေါက်ကရတွေသာထွက်‌လို့လာနေသည်။

"ပြောစရာမရှီတော့ဘူးလား ဒါဆို ငါလက်သွားဆေးလိုက်အုံးမယ်နော်"

ပြောပြီးရိပေါ့်ကိုကျောပေးပြီးကာမှ ရှောင်ကျန့်ကရယ်လိုက်မိတယ်။နောက်ဆုံးတော့ ရိပေါ်ရဲ့ခံစားချက်ကိုလည်းသူသိခွင့်ရလိုက်ပြီ။ ချစ်နေရဲ့သားနဲ့ သူငယ်ဂျင်းချင်နေတဲ့ကောင်လေးကို ပွင့်ဟလာအောင်များများစွပေးရမယ်

*ဟူးး*ရှောင်ကျန့်ထွက်သွားမှ ရိပေါ်ရဲ့ပါးဖောင်းလေးထဲကနေ လေပူတချို့မှုတ်ထုတ်လို့ နှုတ်ခမ်းကိုလည်းဆူထားလေတယ်။ပြောချင်တာမပြောလိုက်ရတာမို့ ကောင်လေးတယောက်က သူ့ကိုသူစိတ်ကောက်လို့

----------

"ရှောင်ကျန့် ဘယ်သွားမို့လဲ"

ရေမိုးချိုးအဝတ်အစားလဲ မျိုးစုံပြင်ဆင်ပြီးတော့ ရှောင်ကျန့်ကအပြင်ထွက်ဖို့ပြင်တာမို့ ရိပေါ်ကမေးလိုက်ခြင်း

"နေ့လည်စာ မစားရသေးဘူးလေ အဲ့တာသွားမလို့"

"ငါကြတော့ရော"

"ယူလာပေးမယ်လေ"

"မရဘူး ငါလည်းလိုက်မယ်"

"ခြေထောက်ကနာနေတယ်မလား ဒီမှာနားနားနေနေ နေခဲ့ပါ"

✨별✨ (Star)Where stories live. Discover now