Unicode
စောင်ပုံထဲလုံးထွေးလို့ ဝင်နေပါသည့် ဝမ်ရိပေါ်ကို ရှောင်ကျန့်က ခေါင်းအုံးပေါ်လက်ထောက်ကာကြည့်နေသည်။ ညကသူလုပ်လို့ ပေါက်သွားတဲ့ နှုတ်ခမ်းတွေ ပုံမှန် markပေးရင်းတောင် နှစ်ရက်လောက်အထိ ရိပေါ်ခန္ဓာကိုယ်မှာ အနီမှတ်တွေကျန်တတ်တာ အခုတော့သူခပ်ကြမ်းကြမ်းနမ်းစုပ်ထားတဲ့ဟာတွေက တပတ်ကျော်တောင်ပျောက်မည့်ပုံမပေါ်တဲ့ အညိုပုတ်ရောင်ဘက်သွားနေတဲ့အရာတွေ ကိုက်ရာတွေနဲ့ ရိပေါ်ဟာ ကြည့်လို့အတော်ကောင်းသည်။
သူတို့နှစ်ယောက်လုံး အဝတ်မဝတ်ရသေးတာမို့ ရိပေါ်ကအေးလို့ထင် သူ့ရင်ခွင်ထဲကိုစောင်လုံးလေးအတိုင်းတိုးဝင်လာပြန်သည်။ကြင်ကြင်နာနာ ယုယုယယနဲ့ ခါးကနေဆွဲဖက်ပေးလိုက်တော့ နာသွားသည်လားမသိ မျက်နှာလေးရှုံ့မဲ့သွားပြီး မျက်လုံးလေးတွေလည်း ပွင့်လာသည်။
"ရှောင်ကျန့်"
"အင်း ရိပေါ်"
"နာတယ်"
"Sorryပါကွာ မင်းရဲ့ပထမဆုံးမှာကြမ်းမိသွားလို့"
"စားရပြီဆိုပြီး အမဲဖြတ်သလိုလုပ်သွားတာ ငါတားလို့တောင်မရဘူး မင်းကိုနည်းနည်းမှမကျေနပ်ဘူး"
စိတ်ဆိုးရင်ထွက်လာတတ်တဲ့နှုတ်ခမ်းက အခုလည်းစူထော်လာပြန်သည်။ ရင်ခွင်ထဲကသူကို အနားပိုကပ်အောင် တိုးဖက်လိုက်ပြီး
"အခုတောင်မင်းရဲ့မက်မွန်းသီးတွေကို ငါကထပ်စားချင်နေပြီ"
"အ့ ဟိတ်ကောင် မင်းလက်ကိုအခုချက်ချင်းဖယ်လိုက်!"
မက်မွန်သီးတွေကို လာကိုင်သည်ကြောင့် ရိပေါ်ကအလန့်တကြားအော်လိုက်ပြီး နာကျင်မှုကိုလည်းခံစားလိုက်ရသေးသည်။
"ကိုယ်ကစကားနားထောင်ချင်ပေမယ့် လက်ကစကားနားမထောင်ဘူးဖြစ်နေတယ် ဘယ်လိုလုပ်ရမလဲ"
"အေး စကားနားမထောင်တဲ့ဟာ ဘယ်ဟာမဆိုဖြတ်ပစ်မယ်"
"ငင့် ရက်စက်လိုက်တာ"
"အပိုတွေပြောမနေနဲ့ ငါထလို့မရဘူး ချီ"
"ဟင် ဘယ်သွားမလို့လဲ"