Official announcement!

624 62 2
                                    

Unicode

နောက်ဆုံးတော့ ဝမ်ရိပေါ်ဆီကနေသူအကြားချင်ဆုံးစကားတခွန်းဟာ ဖွင့်ဟလာပါတော့သည်။
အဲ့နေ့ညက ချစ်ရသူကိုရင်ခွင်ထဲထွေးပိုက်ပြီးအိပ်စက်ခွင့်ရလိုက်တဲ့ ရှောင်ကျန့်တယောက် အိမ်မက်တွေဟာလည်း လှပလို့နေခဲ့ပါသည်။

မနက်လင်းတော့ မနက်စာစားဝိုင်းမှာထိုင်နေတဲ့ ဝမ်မားဟာ သားနှစ်ယောက်ကိုစူးစမ်းသလိုကြည့်နေသည်။ မနေ့ကအထိ အော်ဟစ်လို့ ရန်ဖြစ်နေကြတဲ့နှစ်ယောက်က အခုတော့ခွာမရအောင်ပြန်ကပ်သွားပြန်သည်။

ပြီးတော့ သူမဘဲအမြင်တွေဝေဝါးနေသလား သားဝမ်ရဲ့လည်ပင်းကအနီရောင်တွေကဘာတွေလဲ?

လည်ပိတ်ဆွယ်တာကို ဝတ်ထားတာတောင်မလုံတဲ့အမှတ်အသားတွေကြောင့် ရိပေါ်အခက်တွေ့နေရသည်။ အကျီကိုအပေါ်ခဏခဏဆွဲတင်နေပေမယ့်လည်း အဆင်မပြေပါ မားကလည်းစိုက်ကြည့်နေတာမို့ သိသွားပြီလားဆိုတဲ့အတွေးနဲ့ရှက်လာရတော့သည်။

ဒီလိုဖြစ်အောင်လုပ်သွားတဲ့သူကတော့ စားကောင်းသောက်ကောင်းတွေစားလို့ ပြုံးဖြီးနေတာများ မြင်လို့တောင်မကောင်း အဲ့လိုလူကိုဘဲဝမ်ရိပေါ်က အသက်ထက်ပိုချစ်မိနေပါသတဲ့

____

ရှောင်ကျန့်ကပြုံးတယ် အလကားပြုံးနေတာတော့မဟုတ်ဘူး သူအရမ်းကိုပျော်နေတာ သူတို့ကချစ်သူတွေသာဖြစ်လာတာ ဒီလိုခံစားချက်မျိုးကြအခုမှသူခံစားဖူးတာလေ။ ဒီလိုလေး ကိုယ့်ချစ်တဲ့သူကလည်း ကိုယ့်ကိုချစ်နေပါတယ်ဆိုတာသိရတဲ့ အချိန်ကတကယ့်ကို.....ပြောမပြတတ်အောင်ပါဘဲ

မနက်စာစားပြီးတဲ့နောက် ကျောင်းသွားဖို့ရာပြင်ရသည်။ကျောင်းဝန်းထဲကိုသူတို့နှစ်ယောက် လက်တွဲပြီး ဝင်လာတာမြင်တော့ အကုန်လုံးရဲ့မျက်လုံးတွေဟာ သူတို့ဆီကိုရောက်လို့လာတော့သည်

"ရိပေါ် ကိုယ်မင်းမသိအောင် လုပ်ထားတဲ့ကိစ္စတခုရှီတယ်"

"မင်းဘာတွေလုပ်ပြန်ပြီလဲ ပြန်အဆင်ပြေတာမကြာသေးဘူး ပြဿနာပြန်ဖြစ်ချင်တာလား"

"မဟုတ်ရပါဘူး ရိပေါ်ရယ် ကိုယ်လုပ်ထားတာကလေ အဟင်း..အဲ့တာက"

ရှောင်ကျန့်ကပြောဖို့အခက်တွေ့နေသူလို စကားကအထစ်ထစ် စိတ်မရှည်တဲ့ရိပေါ်က မျက်မှောင်တွေကြုတ်စပြုလာတော့သည်။

✨별✨ (Star)Where stories live. Discover now