Kiss 😱

731 72 3
                                    

Unicode

လေ့လာခရီးသာဆိုတယ် တကယ်တော့ စာတွေနဲ့ချည်းလုံးပန်းနေခဲ့တဲ့ ကျောင်းသားကျောင်းသူတွေကို စိတ်ထွက်ပေါက်ပေးတဲ့သဘောမျိုး လုံခြုံရေးအရချုပ်ချယ်တာတွေရှီပေမယ့် တင်းကြပ်ထားတာမျိုးမဟုတ်ဘဲ စိတ်အပန်းပြေစေရန်သာ စုပြီးခရီးထွက်လာခြင်း

ကျောင်းကတနှစ်တခါစီစဉ်ပေးနေကြမို့ ရှောင်ကျန့်အဖို့ ဒီလိုခရီးစဉ်တွေဆိုတာ ရိုးလို့နေပြီ တောင်ပေါ်မသွားရင်မြေပြန့် မဟုတ်ရင်ပင်လယ် ဒါတွေဘဲထပ်နေတော့ ဘယ်နေရာဘာရှီတယ်ဆိုတာကိုပါသိနေပြီ။ဒါကြောင့်လည်း ပိုးပန်းဖို့အစီအစဉ်ကြိုဆွဲနိုင်တာပေါ့

ဆရာတွေဆီကခွင့်ပြုချက်တောင်းပြီး နှစ်ယောက်ထဲတနေရာကိုလစ်ထွက်မယ် ပြီးရင် surprise လုပ်မယ် ဖွင့်ပြောမယ် "ဝမ်ရိပေါ် ကိုယ်မင်းလေးကိုချစ်နေမိပြီ"ဘာညာပေါ့ ကြွေကျသွားမယ့်စကားလုံးတွေကိုလည်း ဦးနှောက်ကိုအလုပ်ပေးလို့စဉ်းစားထားပြီးသား အချိန်ကောင်းရောက်ဖို့ဘဲလိုတော့တယ်။

"ရှောင်ကျန့် ဒီပုံကြီးကိုလည်းကြည့်အုံး"

နေ့လည်ကရိုက်ခဲ့တဲ့ပုံတွေကို တပုံချင်းပြန်ကြည့်ပြီး ရိပေါ်တယောက် ရစ်နေသည်။

"ဘာဖြစ်လို့တုန်း"

တဖက်ကုတင်မှာလှဲနေရင်းမှထကာ ရိပေါ်ရှီရာကုတင်ဆီသွားလိုက်သည်။

"ဒီမှာလေ ငါ့ပုံကကြည့်ရဆိုးနေတယ်"

"ဟက် ဒီလောက်ချစ်ဖို့ကောင်းတာကို"

မသိမသာလက်ကစားလို့ ပုခုံး‌ကိုဖက်လိုက်ပေမယ့် ရိပေါ်ကတော့သတိမထားမိ

"ဘာကိုချစ်ဖို့ကောင်းတာလဲ အဲ့တာမင်းငါ့ခါးကိုအတင်းဖက်လိုက်လို့အဲ့ရုပ်ဖြစ်သွားတာ"

"ဘယ်လိုဖက်လိုက်တာလဲ ဒီလိုလား"

ပြောပြီးတာနဲ့ လက်ကိုနေရာရွှေ့လို့ ခါးသွယ်သွယ်လေးကိုသိမ်းဖက်လိုက်တော့သည်။

"အင့်! ဖယ်စမ်း အဲ့လက်"

"ဘာလို့လဲ ကိုယ့်သတိုးသားလောင်းလေးကို ခဏဖက်တဲ့ဟာ"

"မင်း! ဘာ...ဘာသတို့သားလောင်းလဲ"

"ရော...စေ့စပ်ထားတာဖြင့်မကြာသေးဘူး အတိတ်မေ့နေပြီ"

✨별✨ (Star)Where stories live. Discover now