First Date

636 62 4
                                    

Unicode

ရည်းစားဖြစ်ပြီး ဒုတိယနေ့

ရိပေါ်ညကတည်းက စဉ်းစားပြီးဆုံးဖြတ်ထားတာရှီသည်။အဲ့တာဘာလဲဆို ဒီနေ့တော့သေချာပေါက် လျောက်သွားမယ်လို့

ရောက်ရောက်ခြင်းနေ့ကလည်း ‌စရောက်တာမို့ အဝေးကြီးမလည်လိုက်ရဘူး။ ဒုတိယနေ့ကြတော့လည်း ချစ်ရပါသောကျေးဇူရှင် ကယ်တင်ရှင်ကြီးကြောင့် ခြေခေါက်သွားလို့ နားလိုက်ရတယ်။ ဒီနေ့တော့မရဘူး သေချာပေါက်လျောက်လည်မယ် ခြေထောက်နာလည်း ကုန်းပိုးပေးမယ့်သူရှီတာဘဲဟာ စိတ်ပူမနေဘူး

အဲ့လိုတွေသေချာစဉ်းစားပြီး ဆုံးဖြတ်နေခဲ့တာမို့ ညကအိပ်ချိန်နောက်ကျသွားပြီ အကုန်လုံးထွက်သွားတာတောင်သူမနိုးသေးဘူး။ရှောင်ကျန့်က ဒီနေ့စောစောနိုးနေတာမို့ သူ့ချစ်သူလေးကိုပြန်နိုးရမယ့် အလှည့်

ဒါပေမယ့်လည်း အိပ်နေပုံလေးကအရမ်းကိုချစ်ဖို့ကောင်းနေတာမို့ မနိုးရက်ဘူး။ သူ့ဘက်ကိုမျက်နှာလေးကိုလှည့်ထားပြီး ဘေးတစောင်းအိပ်နေတာမို့ ပါးလေးတ‌ဖက်က ဖောင်း‌နေတာ ရှောင်ကျန့်မှာကိုက်ပစ်လိုက်ချင်တာမှ သွားတွေကိုယားနေရော

ဒါတင်ဘဲလားဆိုမဟုတ်ပြန်ဘူး တဖက်ကိုဖိအိပ်ထားတာမို့ နှုတ်ခမ်းလေးကလည်းဆူထွက်နေသေး မသိရင်သူ့ကိုလာနမ်းပါလို့ ပြောနေသလိုဘဲ။စိတ်မထိန်းနိုင်ဘဲ လုပ်ချင်တာလုပ်လိုက်ရင်တော့ဖြင့် မနက်ခင်းသာယာဖွယ်တေးသံလေးတွေကြားနေရတော့မှာဘဲ

ရှောင်ကျန့်သူ့ဆန္ဒကိုတရားမှတ်လို့ ဖြေလိုက်ပြီး ပါးဖောင်းလေးကိုဆွဲလိုက်သည်။အိတာမှ သူ့လက်တောင်မြုပ်ချင်ချင်ဖြစ်သွားတယ်။မနာအောင်ဆွဲတာမို့ ဟိုကတုပ်တုပ်တောင်မလှုပ် ပါးစပ်လေးကဟစိဟစိနဲ့ ဟောက်သံပိစိလေးတောင်ထွက်နေလိုက်သေး

ကြည့်ရင်းကိုအသည်းရာလာတာမို့ မနေနိုင်မထိုင်နိုင် ပါးဖောင်းလေးကိုငုံလိုက်မိတယ်။ထိုတော့မှ အင်း အဲနဲ့နိုးလာပါတဲ့ ချစ်ရသူလေး။
မျက်လုံးကသေချာမပွင့်သေးပေမယ့် သူ့ပါးပေါ်မှာရှီနေတဲ့ ရှောင်ကျန့်ကိုတော့တွန်းထုတ်နေတယ်။

✨별✨ (Star)Where stories live. Discover now