Sweet

657 70 4
                                    

Unicode

"King!!!"ဆိုတဲ့ အော်သံအဆုံးမှာ ရှောင်ကျန့်ကအသိစိတ်ပြန်ဝင်လာတယ်။
Second time! သူဒုတိယအကြိမ်မြောက် ဝမ်ရိပေါ်ဆီမှာပျော်ဝင်မိသွားပြီး အသိစိတ်ကင်းမဲ့သွားရပြန်သည်။

အကုန်လုံးကအနားရောက်လာကြပြီး သူတို့ကိုအံ့ဩတကြီးလိုက်ကြည့်နေကြတာမို့ ရှက်,ရှက်နဲ့အမြန်ပြန်ထလိုက်ကာ ရိပေါ့်ကိုပါဆွဲထူလိုက်သည်။

"အားး ငါ့သင်ဘောကြီး"

"ငါတို့တကယ်လိုက် shipစရာမလိုတော့ဘူးဘဲ"

တယောက်တပေါက်နဲ့အပြောတွေကြား သူတို့နှစ်ယောက်ကတော့ လက်သည်းတွေကိုတတိတိကိုက်လို့ အရှေ့ကိုပိုတိုးလို့ကြည့်နေကြတယ်။

"ဘာလို့ အုံနေကြတာလဲ"

ကစားပွဲက တဝက်တပြတ်နဲ့ရပ်သွားပြီး ကျောင်းသားကျောင်းသူတွေအကုန် တနေရာထဲစုနေကြတာမို့ ဆရာပါရောက်လာတော့သည်။

"ဟို...ဟို ချော်လဲသွားလို့ ဆရာ"

မလုံမလဲဖြစ်ပေမယ့်လည်း ရှောင်ကျန့်ကသူ့အကြည့်တချက်နဲ့အကုန်လုံးကို နှုတ်ပိတ်စေလိုက်ပြီး ဆရာ့ကိုအထစ်ထစ်နဲ့ ရှင်းပြလိုက်သည်။
ဆရာကလည်း ခေါင်းငြိမ့်ကာ ဒဏ်ရာတွေဘာတွေရ မရစစ်ဆေးပြီး ကစားပွဲကိုဆက်စေတယ်။

ရိပေါ့်မှာသာ ရှောင်ကျန့်ကို မျက်နှာချင်းမဆိုင်ရဲလောက်အောင်ရှက်လို့နေတော့သည်။ အနီးကပ်မျက်လုံးချင်းဆုံလိုက်တာနဲ့ အလိုလိုပိတ်မိသွားတဲ့သူ့မျက်လုံးတွေကိုလည်း ဒေါသထွက်လို့မဆုံး မနေ့ညက ဖြစ်သွားတယ်ဆိုတာကလူမသိ သူမသိလေးရယ် အခုကြတော့....အားး..
ရှက်လိုက်တာနော်

လူအုံနေရာကနေ ပွဲပြန်စဖို့ပြောလာတာနဲ့ လူစုပြန်ကွဲသွားပြီး ရှောင်ကျန့်နဲ့ရိပေါ်လည်း နေရာပြန်ကွဲသွားကြသည်။ကစားပွဲပြီးသွားသည်အထိ ရိပေါ်ကိုပြန်မတွေ့ရသေးတာမို့ လည်တဆန့်ဆန့်နဲ့ ရှည်လျားတဲ့အရပ်ကိုတောင်အားမနာဘဲ မျှော်ကြည့်လို့ လူပျောက်ရှာနေတဲ့ ရှောင်ကျန့်

"King စောနက....ချော်လဲတာမလားဟင်"

ညောင်နှာနှာအသံကနားတဲဝင်ရောက်လာပြန်တာမို့ ရှောင်ကျန့် မျက်မှောင်ကြုတ်မိပြန်သည်။ ရိပေါ့်ကိုရှာမတွေ့လို့ စိတ်ညစ်ရတဲ့အထဲသူကတမျိုး

✨별✨ (Star)Where stories live. Discover now