Final

1K 56 5
                                    

"Hyun ဒီမှာကြည့်စမ်း"

ဆိုဖာပေါ်ထိုင်ပြီး နှစ်ယောက်အတူတူ ဖုန်းကြည့်ကာ cmt တွေဖတ်နေရင်း Chanyeol က ဖုန်းကို Baekhyun ဘက်သို့တိုးပြလာသည်။

*ငါကတော့ အဲ့ကောင်လေးနဲ့ သဘောတူတယ် သူတို့က အချစ်ဦးတွေ ဖြစ်တဲ့အပြင် ကောင်လေးက ငယ်ထဲက chanyeollie ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြိုးစားရုန်းကန်ခဲ့တာတွေကြားတော့ ငါ့ရင်ထဲမှာ တမျိုးလေး ဖြစ်သွားတာပဲ*

*ကိုကြီးတို့ နှစ်ယောက်ယူပြီး မမHani ကို သမီးယူလိုက်မယ်လေ*

*ကောင်လေးက ရုပ်ကလေးကလဲ ချောပြီး ကိုယ်တိုင်ကြိုးစားထားတဲ့ သူဌေးသားနော် ငါတို့ကျောင်းက ဆရာပဲ ငါကိုယ်တိုင်မြင်ဖူးတယ် သင်္ချာပါမောက္ခ ဆိုတဲ့ ဘွဲ့ကို ငယ်ငယ်လေးနဲ့ ရထားတာ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် ရဲ့ ဖူးစာက မသေးဘူးပဲ*

Dispatch က ဖော်လိုက်တဲ့ သူတို့ ဇာတ်ကြောင်း ပေါ်သွားတဲ့နောက်မှာ Chanyeol က အဆင်ပြေပေမယ့် Baekhyun ကတော့ Chanyeol အပေါ် စိတ်မကောင်းဖြစ်ပြီး အားနာနေသည်။ သူ့အပြစ်ကြောင့် ပြည့်သူအချစ်တော် Chanyeol ကို မကောင်းတဲ့ cmt တွေနဲ့ မုန်းသွားကြမလားဆိုပြီး စိုးရိမ်စွာနဲ့ နှစ်ယောက်သား အတူထိုင်တာ cmt တွေ ဖတ်ကြည့်နေတာ ဖြစ်သည်။ သို့ပေမယ့် ထင်ထားတာနဲ့ နည်းနည်းမှမတူပဲ Chanyeol Fan တွေအပြင် မသိတဲ့သူတွေကပါ Baekhyun အပေါ် ကောင်းတဲ့ cmt တွေပဲပေးကြသည်။

ကျောင်းကထဲက ဇာတ်ကြောင်းကို သေသေချာချာ ဖော်ပြထားတဲ့ Dispatch ရဲ့ ကျေးဇူးကြောင့်လဲပါသည်။ Chanyeol နဲ့ Baekhyun သတင်းကို ဖော်ရင်း Jong Dae နဲ့ JongIn တို့ပါ အကုန်ပေါ်ကုန်သည်။ ဘယ်လိုကြည့်ကြည့် သူတို့တစ်ဖွဲ့လုံးက ပတ်သက်နေတာဖြစ်လို့ တစ်ဖွဲ့လုံးပါ နာမည်ကြီးသွားသည်။ သို့ပေမယ့် ဘယ်သူမှ ရိုင်းစိုင်းတဲ့စကားတွေ မပြောကြပဲ သူတို့တစ်ဖွဲ့လုံးကို Best Friendship Group လို့
ပင် ခေါ်ကုန်ကြသည်။ အကုန်လုံးဆီက ကောင်းသော cmt တွေသာ ရသည်မို့ Baekhyun ရင်ထဲနွေးထွေးရပြီး ဝမ်းသာလွန်းလို့ မျက်ရည်ပင်ဝဲလာရသည်။

"ကိုယ်တို့ကို သဘောတူတဲ့သူတွေကြီးပဲလေ Hyun ရဲ့... မငိုပါနဲ့လား"

"ဝမ်းသာလို့ပါ Chan ရယ်... ဒါဆို ငါတို့အခု ခိုးတွေ့နေစရာမလိုတော့ဘူးပေါ့နော်"

{ You_Are_The_Reason } (Completed)Where stories live. Discover now