" Chanyeol!!! "
အသံစာစာနဲ့ အပြေးဝင်လာသူ Hani ကြောင့် ရဲကြီးတွေ ကြောင်ကာ ငေးကြည့်နေကြသည်။
တချို့ကလဲ ဆံပင်တွေ သပ်ချပြီး၊ တချို့ကလဲ Hani အနား ပြေးလာကြသည်။
"ကျွန်မ...ကောင်လေးရော..."
"ရှိပါတယ်...အ..အချုပ်ထဲမှာပါ"
"ဘာ...!"
အချုပ်ထဲမှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ Chanyeol ကိုမြင်တော့ သူမ ကာခြားထားသော
တိုင်တွေကို အားကိုးတကြီး ဆုတ်ကိုင်လိုက်သည်။"Chanyeol.."
"Hani...ဘာလို့လိုက်လာတာလဲ!"
"ဘယ်လိုဖြစ်ရတာလဲဟာ...ငါမရှိလိုက်တဲ့ အချိန်ခနလေးအတွင်းမှာ ရန်ဖြစ်တာတဲ့လား.... ကျစ်!! လူတွေရဲ့ ပါးစပ်ပဲလေ...ပါးစပ်ပြောပဲ ရှိတာကို နင်ဘာလို့ လက်ပါခဲ့လဲ အရူးရဲ့!!"
Hani က တရှုံ့ရှုံ့ ငိုနေသည်မို့ သူ့မှာ ချော့ချင်သော်လည်း ချော့မရသည့်အခြေအနေ ဖြစ်နေသည်။
"Park Chanyeol ထွက်လို့ရပါပြီ....
Hani ssi ... sign ထိုးပေးပါ "Hani မျက်ရည်တွေသုတ်ပြီး အုပ်ထိန်းသူ နေရာမှာ လက်မှတ် ထိုးပေးလိုက်သည်။
●●●●
၁လဆိုတဲ့ အချိန်တွေသာ ကျော်လွန်လာပေမယ့်
အရင်လို ပုံရိပ်ပါးပါးလေး မတွေ့ရတော့လဲ
Chanyeol စိတ်တွေ မချမ်းသာ။
ရဲတခန်းရောက်တဲ့နေ့က နောက်ဆုံးတွေ့ခဲ့တာဖြစ်သည်။တကယ်ဆို ဘာဖြစ်ချင်နေလဲ Chanyeol ကိုယ့်ကိုကိုယ်ပင်မသိ ။ အနားလဲ မလာစေချင် အဝေးလဲ မသွားစေချင် ။
ခေါင်မိုးထပ်ကို အပြေးရောက်လာသော JongIn နဲ့ JongDae ကြောင့် အအေးမော့သောက်ရင်း
သူလှမ်းကြည့်လိုက်သည်။ထို၂ကောင်က တခုခုကို ပြောချင်သလိုနဲ့ ပြောဖို့ အခက်တွေ့နေဟန်ကြောင့် Chanyeol ပင်စိတ်မရှည်ဖြစ်လာသည်။
"ရား...ရားပြောမှာဖြင့်ပြော ဘာဖြစ်နေတာလဲ "
"Baekhyun... Baekhyun အမေ
.ဆုံးသွားပြီ.."
"ဘ..ဘာ "
မျက်လုံးထဲ ပြေးမြင်လာတဲ့ ပုံရိပ်သေးသေးလေး ဒီအချိန်မှာ ဘယ်လောက်ခံစားနေရမလဲ တွေးပြီး
သူရင်နာရပါသည်။