Episode 2

3.2K 363 24
                                    

ZAW

BGM : မြတ်နိုးသူအတွက် (ရိန်မိုး)

* Start *

Chanyeol စာကြည့်ခုံပေါ်က ရွှံ့ပေနေသော
စာအုပ်လေးကိုကြည့်ပြီး နှမြောတသဖြစ်နေသည်။

သူ ကိုယ်တိုင် မှတ်ထားတဲ့ Note လေးတွေကို....

စိတ်မကောင်းစွာ ကြည့်ရင်း စာအုပ်လေးကို
ပိုက်ကာ ခုံပေါ်ခေါင်းမှောက်လိုက်တော့
JongIn နဲ့ JongDae က သူ့တို့ဆီက စာအုပ်
ယူမလားဆိုကာ ပေးကြသည်။

၂ယောက်လုံး ကိုခေါင်းခါပြလိုက်သည်။
ဟုတ်တယ်လေ ကျွန်တော့ကြောင့် ဖြစ်ရတာ
ကျွန်တော်ပဲ ဒီစာအုပ်ရသင့်တာပေါ့ ။

ပြောရရင် ကျွန်တော် ကိုင်ရတဲ့ စာအုပ်ကသာ
သူ့လက်ရေးနဲ့ ရေးမှတ်ထားတဲ့ စာအုပ်ဖြစ်ပြီး
တခြားစာအုပ်တွေက ကျွန်တော့ ဆီကစာအုပ်ကို
မိတ္ထူဆွဲထားတာမို့ ကျွန်တော်သိပ်စိတ်မဝင်စားချေ။

"အာ !!!!"

ခုံပေါ်ခေါင်းမှောက်နေရာက ရုတ်တရက်ထအော်
သောChanyeol ကြောင့် ခေါင်းချင်းဆိုင်ကာ Game ဆော့နေသော JongIn နဲ့ JongDae ခမျာ ဆရာလာပြီအမှတ် ထကာနှုတ်ဆက်နေတော့သည်။

"အာ ဒီကောင်ကတော့!! ဘာလို့ထအော်တာလဲ
ဒီမှာ Battle ဆိုင်နေပါတယ်ဆို"

"လာလာ ပြန်ဆော့!! ဒီမှာ မင်းသေတော့မယ် "

JongDae ကို သွားဖြီးပြပြီးမှ စာအုပ်လေးကို
ပိုက်ကာ ထွက်ခဲ့တော့သည်။

အခန်းအကျော်က ဘေစင်နားရောက်တော့ စာအုပ်
ပေါ်ကနေ ရေလောင်းချဆေးလိုက်သည်။

တစ်အုပ်လုံး သန့်သွားပြီဆိုကာမှ နေပူထဲဖြန့်ထား
လိုက်ပြီး ကိုယ်ပါ မျက်ခင်းပေါ် အိပ်ကာ
စောင့်နေလိုက်သည်။

အတန်းတော့ မတက်တော့ဘူး အဖိုးတန်
noteစာအုပ်လေးရှိနေပြီလေ ။

ကိုယ်အတွေးနဲ့ ကိုယ် သဘောတကျပြုံးနေတုန်း
ရေကျသံနဲ့အတူ စကားပြောသံ တချို့ကြောင့်
မျက်လုံးဖွင့်ကြည့်မိတော့ ကျွန်တော့ကို
စူးစူးစိုက်စိုက်ကြည့်နေသော Baekhyun ....

အိပ်နေရာက ထကာ ထိုင်မိသည်။
ဘာလို့လဲမသိဘူး Baekhyun အဲ့လိုကြည့်ရင်
ကျွန်တော်ကြောက်တယ် လူကိုကြောက်တာထက်
ကျွန်တော်များ ဘာအမှားလုပ်မိသလဲဆိုပြီး
တွေးကြောက်မိတာ....။

{ You_Are_The_Reason } (Completed)Where stories live. Discover now