Episode 18

2.4K 321 40
                                    

(BGM - You Are The Reason _
Calum Scott) Fic ရဲ့ OST ဆို ဒီသီချင်းပါပဲနော် ရွေးပေးထားတဲ့ သီချင်းတွေ ရှိတဲ့ အပိုင်းမှသာ ရွေးပေးထားတာနားထောင်ပါ

○○○○○○○○○○○○○○○○○○○○○○○○○○

Chanyeol လန့်ကာ ထွက်သွားတာကိုကြည့်ပြီး Baekhyun နှုတ်ခမ်းကို ကိုက်ပြီး နောက်ကကောင်လေးကို လှည့်ကြည့်လိုက်သည်။

"အထိုးခံပြီးတော့ကို သွားဆွတယ်ပေါ့...
ရော့ မုန့်ဖိုးယူပြီး ပြန်တော့...Junior!
နောက်တခါ ရန်ဖြစ်သံမကြားချင်ဘူး!!
ပြီးတော့ ... ကျောင်း လဲသွားဦး!!"

"Nae Hyung ...ခိခိ "

Baekhyun သက်ပြင်းချပြီး ရှေ့က
ထွက်သွားပြီ ဖြစ်သော Chanyeol ထံသာ အပြေးလိုက်တော့သည်။

"Chanyeol..."

Hotel အပေါက်ဝမှာ ရပ်နေတဲ့ Chanyeol က
Baekhyun ခေါ်သံကြားသောအခါ
မျက်ရည်တွေပြည့်လျှံနေသော မျက်ဝန်းတွေနဲ့
ဖြေးဖြေးချင်းလှည့်ကြည့်လာသည်။

Chanyeol ပုံစံကို မြင်လိုက်ရတာနဲ့ Baekhyun မျက်ဝန်းတွေက အံ့ဩစိတ်တွေသာ ဖုံးအုပ်သွားသည်။

"Chanyeollie....ဘာလို့လဲ...ဘာဖြစ်လို့လဲ"

Baekhyun က Chanyeol လက်မောင်းတွေကို
ဖိညစ်ရင်း အလန့်တကြားမေးနေသည်။

"Hyun...."

ခပ်တိုးတိုး Chanyeol ခေါ်သံနောက်မှာ Baekhyun ခေါင်းငြိမ့်ပြလာသည်။

"ငါ့ နားမှာ နေပေးပါ...."

ခနမျှ Baekhyun ငြိမ်သက်သွားပြီး Chanyeol လက်ဖဝါးတွေကြား Baekhyun လက်သေးသေးလေး ဝင်ရောက်လာခဲ့သည်။

"အင်း..."

Baekhyun ကပဲ ကားမောင်းပေးနေပေမယ့်
Chanyeol အင်မတန်နာကျင်ပြီး ရင်ဘက်ထဲက သိသိသာသာအောင့်တက်လာသည်။

အချုပ်ထဲက ထွက်ခဲ့တုန်းက အနည်းထူးဆန်းတာကို ခံစားရပေမယ့်
ဒီလိုဖြစ်သွားမှန်း မသိခဲ့တာအမှန်...။

အခုတော့.... Hyun ရဲ့ ပထမဆုံးက
တခြားတယောက်ဆီ ပေးလိုက်ရပြီ...
အဲ့တာကလဲ..Chanyeol ကြောင့် ဆိုသော
အတွေးတွေဖြင့် Chanyeol အတော်နာကျင်ရပါသည်။

မကြာခင်က ပြန်ဖြစ်နေသော ရောဂါကလဲ
ဒီရက်ပိုင်း ဆက်တိုင်းလိုကို stress များနေ တာကြောင့် ခနခန ရင်ဘက်အောင့်တာကို
ခံစားရသည်။

{ You_Are_The_Reason } (Completed)Where stories live. Discover now