လေ့ကျင့်ခန်းတွေ အဆက်မပြတ်လုပ်ပြီး ပင်ပန်းနေချိန် JongIn နဲ့ JongDae က အခန်းထဲဝင်လာပြီး အအေးဘူးတွေ ချပေးလာသည်။
"နား နား ပြီး လုပ်ကွ!!"
"ရော့ အအေးသောက် "
"အာ...ဒါသောက်ချင်နေတာ ကျေးဇူးကွာ"
သောက်ချင်နေသော အအေးကို သောက်လိုက်ရသည်မို့ Chanyeol ပျော်သွားသည်။
အား...အရသာကို ရှိနေတာပဲ..
"အား...အချိန်နီးနေပြီ...ငါသွားဦးမယ် "
JongIn က နာရီကို ကြည့်ကာ ထထွက်သွားသည်မို့ Chanyeol အလန့်တကြား လှမ်းအော်လိုက်သည်။
"ရား...ဘယ်ကိုလဲ"
ပျောက်သွားပြီ ဖြစ်သော JongIn ကို ရယ်ရင်း
JongDae က ဖြေသည်။"KyungSoo ပြန်လာမှာမို့လို့တဲ့ သွားကြိုတယ်..
မနေ့ထဲက အတော်ပျော်နေတာ..ဟက် ""မင်းရော ?"
ပြုံးရယ်နေတဲ့ မျက်နှာက ချက်ချင်းငြိမ်ကျသွားပေမယ့် ခပ်ရေးရေးပြုံးလာသည်။
"ငါကဘာလဲ ..."
" Minseok hyung ဘယ်မှာ ရှိလဲ ငါစုံစမ်းပေးရမလား?"
JongDae က သဘောတကျပြံးပြီး
နေပါစေတော့ ဆိုကာ အအေးမော့သောက်လိုက်သည်။●●●●
"ရား....ဒါဘာလဲ "
ဆိုင်အတွင်း ခပ်ကျယ်ကျယ်အသံကြောင့် Minseok ထိုလူရှိရာကို လှမ်းကြည့်လိုက်သည်။
ဝန်ထမ်းကောင်မလေးတွေကိုအော်ရုံတင်မက သူဌေးကိုပါ ခေါ်ခိုင်းနေသည်မို့ Minseok သွားလိုက်သည်။
"ဘယ်မှာလဲ မင်းတို့ သူဌေး ခေါ်လိုက် !!"
"ဘာဖြစ်လို့လဲ ဧည့်သည်?"
"မင်းလား သူဌေးက "
"ဟုတ်ပါတယ် "
"ဒီမယ်ကြည့်...ကော်ဖီထဲက ပါလာတာ
ဒါသေတတ်တယ်ဆိုတာ မင်းသိလား... ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်ပေးမလဲ လျော်ကြေးပေး !!"Minseok ဒေါသတွေကို ထိန်းပြီး ဟက်ခနဲရယ်လိုက်သည်။
"အရင်ဆုံး တောင်းပန်ပါတယ်....
ဒါပေမယ့် ဧည့်သည် ကျွန်တော့ဆိုင်မှာ ဒီလိုဖန်ခွက်မျိုးလဲ မသုံးသလို အကွဲလဲမရှိပါဘူး..
ပြီးတော့ ကော်ဖီကလဲ ကျွန်တော် ကိုယ်တိုင်ဖျော်တာ ဖြစ်တဲ့ အတွက် ကျွန်တော်တခါမှ ဒီလိုအမှားမျိုး မဖြစ်ဖူးပါဘူး..
ဖန်စကြီးမမြင်ရအောင်လဲ ကျွန်တော် ကန်းနေတာမှမဟုတ်ပဲ...အဲ့တာကြောင့် လျော်ကြေးလဲ မပေးနိုင်ပါဘူး "