Episode 17

2.1K 282 23
                                    

Chanyeol အိမ်တွင်းအောင်းနေတာ ၁ပတ်တိတိရှိခဲ့ပြီ ။ တနည်းအားဖြင့် သူတို့ပြသနာအကြီးအကျယ်တက်ခဲ့တဲ့ ညထဲက ဖြစ်သည်။ studio လဲမသွား အိမ်လဲမပြန်ပဲ ဝယ်ထားတဲ့ အိမ်မှာပဲနေဖြစ်နေသည်။ တခုခုအကြောင်းထူးရင် Jongin တို့ကို ဖုန်းဆက်ဖို့ပြောထားတာကြောင့် အခုထိဆက်မလာသေးပုံပေါ်ရင် Chanyeol လိုပဲ ငြိမ်နေကြတာလား ဆိုတဲ့ ခပ်ပေါ့ပေါ့အတွေးသာ
တွေးခဲ့မိပါသည်။ ထိုအချိန်ဟာ တစုံတယောက်ရဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာသွားမယ့် အချိန်တခုလို့ သူသိခဲ့မိပါလျှင် အခုလို အိမ်တွင်းအောင်းနေမိမယ် မထင် ။

Chanyeol တကယ်ပဲဘာတွေဖြစ်ကြ တာလဲကွာ..Haniပြောထားတာတွေ
တကယ်ပဲလား..မင်းရောဆုံးဖြတ်ပြီးလို့လား ?

ဘာမှန်းမသိသော JongIn message ကြောင့် Chanyeol မျက်မှောင်ကျုံ့လိုက်သည်။ သတင်းတခုခုများတက်နေလို့လား ဆိုတဲ့ ခပ်ပေါ့ပေါ့ခံစားချက်လေးနဲ့ပဲ WiFi ဖွင့်လိုက်သည်။ထိပ်ဆုံးမှာ trend ဖြစ်နေတဲ့

Chanyeol နဲ့ Hani ရဲ့ စေ့စပ်ပွဲ ပျက်သုန်းကြောင်း Hani ပြောကြား

Chanyeol တခနလောက်အသိလွတ်သွားသည်။ အသိဝင်လာတဲ့ video ကို ဖွင့်ကြည့်လိုက်တော့
အဆင်ပြေနေချင်ယောင်ဆောင်တဲ့ ကောင်မလေး က ပြုံးနေသည်။

တကယ်တော့ နှစ်ယောက်လုံးကလဲ သူငယ်ချင်းဆိုတော့ သံယောဇဉ်လဲရှိနေလို့
ဒီကိစ္စကိုမေ့ထားမိကြတာပါ စေ့စပ်ဖို့ ရုတ်သိမ်းကြတာတော့ အတော်ကြာခဲ့ပါပြီ.....

"ဘာလို့လိမ်နေတာလဲ..."

Chanyeol အသံထွက်အောင်ပင် အပြင်မှာ ပြောနေသလို Hani မျက်နှာကို စိုက်ကြည့်ရင်းပြောလိုက်သည်။ ဒါသာတကယ်ဖြစ်သွားမယ်ဆိုရင်လဲ
Chanyeol မပျော်နိုင်ပါ ။

Chanyeollie က အရမ်းဂရုစိုက်တတ်တယ် ကျောင်းတုန်းက Hani ဘက်က အရင်crushရတာဆိုတော့ သူ့ဂရုစိုက်မှု့တွေမှာ မျောသွားတယ်ထင်ပါရဲ့...ဟဲ.....အရွယ်ရောက်
လာတော့လဲ သူငယ်ချင်းလိုပဲ ချစ်မိကြတော့တာပါ
ထွေထွေထူးထူးမဟုတ်ပါဘူး.... ဒီအတိုင်း... ဆယ်ကျော်သက် အချစ်လို့ ပြောရမလား...

{ You_Are_The_Reason } (Completed)Where stories live. Discover now