Episode 22

1.9K 258 10
                                    

{ EXO - FALL }

တိုက်ခန်းရှိရာကို ဒုန်းဒိုင်းဖြင့်ပြေးဝင်လာသော
လူကြောင့် Chanyeol သွားတိုက်နေရင်း ရေချိုးခန်းပေါက်ဝဆီသို့ ထွက်ကာ လှမ်းကြည့်လိုက်သည်။ မျှော်လင့်ထားတဲ့ သူ ဖြစ်နေတဲ့အခါ မျက်မှောင်ကျုံ့ကာ သွားတိုက်နေရင်းပင် လှမ်းအော်လိုက်ရသည်။

"ဖြေးဖြေးသွားလေ Hyun ချော်လဲဦးမယ်"

ဈေးကပြန်လာပုံရသော ကောင်လေးဟာ ဧည့်ခန်းမှာခြေထောက်နှစ်ချောင်းတင်ကာ ငုတ်တုပ်ကလေး ထိုင်ရင်း ph ကို အသဲအသန်ကြည့်နေသည်မို့ Chanyeol ပဲ မျက်နှာမြန်မြန်သစ်ကာ Baekhyun ရှိရာသို့ သွားရတော့သည်။

"ဘာတွေ ဖြစ်နေတာလဲ Hyun ရ.."

" ငါတို့ဘယ်လိုလုပ်မလဲ Chanyeollie..."

ထိုင်ခုံမှာ ဝင်ထိုင်ရင်း စိုးရိမ်တကြီးမောူ့ကြည့်နေသော ကောင်လေးကို ပြုံးပြလိုက်ရသည်။

ဘာတွေစိုးရိမ်နေပြန်ပြီလဲ မသိ...။

"ဘာကို ဘယ်လိုလုပ်ရမှာလဲ Hyun ?"

Baekhyun က စိတ်မရှည်သလို Chanyeol လက်ထဲ ဖုန်းထည့်ပေးလာသည်မို့ Chanyeol ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ညက Date လုပ်ခဲ့တဲ့ သူတို့ရဲ့ပုံတွေ ပျံ့နေတာပဲဖြစ်သည်။

Chanyeol သက်ပြင်းရှိုက်ရင်း သူ့မျက်နှာအရိပ်အခြေကြည့်နေရတဲ့
Baekhyun ဘက်က လှည့်ကာ ပြုံးပြလိုက်သည်။

"ဘယ်လိုလုပ်ချင်သေးလို့လဲ Hyun?
သူတို့ပြောတာလဲ မမှားပါဘူး... ကိုယ်က မင်းကောင်လေး မဟုတ်ဘူးလား ?"

"Chanyeollie...."

ထင်မထားသော စကားကြောင့် အံ့ဩသွားသည့် ကောင်လေးကို morning kiss လေးပေးရင်း...

"ကိုယ့်ဘဝမှာ အရေးကြီးတာ မင်းပါ Hyun..."

အောက်နှုတ်ခမ်းလေးကို ကိုက်ရင်း ခေါင်းငြိမ့်ပြလာတဲ့ ကောင်လေးကြောင့် Chanyeol ပြုံးရပြန်သည်။

Hyun ပျော်နေရင် သူ အဆင်ပြေပါသည်။

Media မှာတော့ Chanyeol ၏တိတ်တိတ် ပုန်းရည်းစားက ကောင်လေး တယောက်ဆိုပြီး အတူတူနေကြသည်အထိ အကုန်ထုတ်ဖော်ထား တာ ဖြစ်သည်။
___________________________________

{ You_Are_The_Reason } (Completed)Where stories live. Discover now