Episode 12

2K 279 22
                                    

ZAW

Song : MinSeo 'Star '
ပေးထားတဲ့ သီချင်းလေးကို နားထောင်ပြီး
ခံစားဖတ်နိုင်ကြပါစေ ❣
______________________________

လေယာဉ်က အချစ်တည်ရှိရာ ကိုယ့်အမိမြေ ကိုခြေချတာနဲ့ မြိုသိပ်ထားမရနိုင်တဲ့ ပျော်ရွှင် မှု့တွေကြောင့် အလွန်ဝမ်းသာနေပေမယ့်လဲ
အကျင့်ဖြစ်နေတဲ့ နှုတ်ခမ်းတွေကတော့ စေ့တင်းလျက်သား..။

ကြိုတင်ဝယ်ထားတဲ့ အိမ်ကို တန်းမသွားပဲ
ခြေလှမ်းတွေက အချစ်တည်ရှိရာ Entertainment...။

သူ့ကိုတွေ့ရဖို့ လိုတယ်...
သူသိဖို့လိုတယ်...
ကျောင်းသားနှုတ်ဆက်ပွဲအတွက် ဆရာတွေကအတူရှိပေးဖို့တောင်းဆို တာတောင် 'တောင်းပန်ပါတယ်'ဆိုတဲ့ စကားတခွန်းနဲ့ပဲ ဆရာပေါင်းများစွာရဲ့
ဂရုစိုက်မှု့လျစ်လျူရှု့ခဲ့တယ်ဆိုတာ....

Lagguage ကိုဘေးမှာထောင်ပြီး
အဆောက်အဦးရှေ့မှာ အတော်ကြာကြာရပ်နေမိသည်။

အဆောက်အဦးထဲက တစုံတယောက် ထွက်လာရင်တောင် ' သူ လားဟင် ' ဆိုတဲ့ အတွေးနဲ့ ဆက်ခနဲ ခုန်လှုပ်သွားတဲ့ နှလုံးသားကို အခုထိအချစ်က လျစ်လျူရှု့ထားတုန်းပဲထင်တယ်.....

စိတ်ဆိုးနေသလား အချစ်ရယ်....
Hyun မင်းကို ချော့ဖို့ အသင့်ပါပဲ....

အတွေးတွေနဲ့အတူ နှုတ်ခမ်းထောင့်က ဖြတ်ခနဲ ပြုံးလိုက်မိသည်။ မျက်လွှာချထားမိသော မျက်လုံးထောင့်က
ပုံရိပ်က မသိသာပေမယ့် နှလုံးသားက ရင်းနှီးနေတော့ ခပ်မြန်မြန်ပင်မော့ ကြည့်လိုက်သည်။

သူပါလား...ဆိုတဲ့ အသိကြောင့် သွားလေးတွေပေါ်အောင် ပထမဆုံး ရယ်မိလိုက်သည်။

ကိုယ်နဲ့ ၁၀ လှမ်းလောက်အကွာမှာ ရပ်နေတဲ့ သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ဟန်...လက်က နာရီကို တကြည့်ကြည့်ဖြင့် အဆောက်အဦး ထဲကို လှမ်းကြည့်နေသေးသည်မို့ Baekhyun မျက်မှောင်ကြုံ့ကာ အဆောက်အဦးထဲကို လှမ်းကြည့်လိုက် သည်။

အနုပညာရှင်နာမည်ကြီးသူပီပီ လျှောက်လှမ်း လာသော ပုံစံ၊ ခပ်လန်းလန်းစတိုင်တွေနဲ့ မိန်းကလေးတယောက်ဟာ Chanyeol ဘေးကို ဝင်ရပ်ပြီး လက်ကို လှမ်းချိတ်လိုက် သည်နဲ့ Baekhyun မျက်နှာ ကွက်ခနဲ ပျက်သွားသည်။

{ You_Are_The_Reason } (Completed)Where stories live. Discover now