- 7 - [ U ]

6.4K 624 82
                                    


တစ်နေ့လုပ်တစ်နေ့စားဘဝမို့ စိုင်းဉာဏ်အတော်လေးပင်ပန်းသည်။ရန်ကုန်စရောက်ကတည်းက ဆွေမျိုးဟူ၍မရှိခဲ့တဲ့သူ့မှာ နေစရာအိမ်မရှိသလိုစားဖို့ရှာရသည်မှာလဲခက်ခဲ၏။ဘာအလုပ်မှမရှိတဲ့စိုင်းဉာဏ်တစ်ယောက် ရန်ကုန်စစရောက်ချင်း စျေးမှာအရင်ကုန်ထမ်းသမားဝင်လုပ်သည်။ငှက်ပျောသီးခြင်းတွေကိုစျေးထိပ်ကနေ စျေးအတွင်းကငှက်ပျောသီးဆိုင်သို့ပို့ရသည်မှာတစ်နေ့ကိုအခေါက်ပေါင်းမနည်း။

ထိုခြင်းတွေရဲ့ဝိတ်ကလေးလွန်းလို့ ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်တဲ့ စိုင်းဉာဏ်ရဲ့ပုခုံးတွေနာတာမျိုးရှိသည်။သို့သော်ထိုကိစ္စလောက်ကိုမမှုဘဲ ယောကျ်ားပီပီဒေါင်ကျကျပြားကျကျလုပ်ရမည်။သူ့ဘဝကဒီလိုလုပ်နိုင်မှ ဝမ်းဝမယ့်ဘဝ။

တဖြည်းဖြည်းနဲ့စိုင်းဉာဏ်ရရာအလုပ်တွေကို မငြိီးမငြူဝင်လုပ်ရင်း ရသမျှပိုက်ဆံဖြင့် သူ့အတွက်လိုအပ်တာတွေဝယ်သည်။အိမ်ငှားပြီးသူ့ဟာသူနေသည်။အသုံးစရိတ်က သူတစ်ယောက်ထည်းဆိုတော့သိပ်ပြီးများများစားစားမကုန်။တစ်ခါတစ်လေဆို  မနက်စာနဲ့ညစာပေါင်းစားတာတောင်ရှိသေး။

အခုတော့ရန်ကုန်ရောက်တာကြာပြီမို့စိုင်းဉာဏ်အဆင်ပြေနေပြီ။တစ်နေ့အလုပ်လုပ်လို့ရသမျှပိုက်ဆံတွေကိုသူ့အတွက်လိုမှသာသုံးပြီး ကျန်တာကို စုဘူးလေးတွေဖြင့်စုတတ်တာကအကျင့်တစ်ခုကိုဖြစ်နေပြီဖြစ်သည်။

'ဂျွတ်'

လမ်းလျှောက်နေရင်းဖြင့် ကြမ်းပြင်ကိုတတ်နင်းမိလိုက်တော့ နဂိုဆွေးနေတဲ့ဟာကအခုတော့ကျိုးပြီ။

"ပြန်ရိုက်ရဦးမယ်ကွာ"

ဆံပင်တွေကိုထိုးဖွကာငြီးငြူလိုက်ရင်း သံခွက်ထဲကတူနဲ့သံအနည်းငယ်ကိုယူကာ ကျိုးသွားသည့်ပျဥ်ပြားကိုသံနဲ့ရိုက်ဖို့ပြင်ရသည်။စိုင်းဉာဏ်ဒီအိမ်လေးမှာငှားနေတာ ရန်ကုန်စရောက်ကတည်းကဆိုတော့အခုဆိုတော်တော်တောင်ကြာပြီ။အိမ်လေးကပျဥ်ထောင်အိမ်အဟောင်းလေးမို့ မိုးဒဏ်လေဒဏ်ကိုသိပ်မခံနိုင်ဘူး။

ကြမ်းပြင်တွေကလဲဟောင်းနေပြီဖြစ်ကာ ခေါင်မိုးတွေကလဲအပေါက်တွေဖြင့်။စိုင်းဉာဏ်ရသလောက်လေးဒီအိမ်ကိုပြင်ပြီးနေနေတာဖြစ်သည်။အခုခေတ်ရန်ကုန်မှာ အိမ်ငှားခသက်သက်သာသာနဲ့နေရတာနဲ့တင်ကံကောင်းနေပြီ။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now