- 22 - [ U ]

4.5K 428 17
                                    


"ရှင် တစ်နေ့တစ်နေ့ အဲ့အရည်တွေဘဲမျိုနေ"

"ဒီမိန်းမ ငါလုပ်ရင်သေတော့မယ်! ငါ့ဟာငါသောက်တာဘာဖြစ်လဲ"

"သောက်တာကိုမပြောဘူး အဲ့အရည်တွေသောက်ပြီးအမြဲမူးနေ ဘယ်မလဲပိုက်ဆံ ရှင်ရှာလားဟမ်!"

အိမ်ရှေ့အိမ်မှ မဖြူတို့လင်မယားရန်ဖြစ်သံကတစ်ရပ်ကွက်လုံးကြားလောက်တဲ့အထိဆူညံလို့။စိုင်းဉာဏ်ထိုအသံတွေကြောင့်ပင်နိုးလာခဲ့သည်။အချိန်ကားမနက်ခြောက်နာရီထိုးမည့်စဲစဲ။မနက်စောစောစီးစီးရန်ဖြစ်နေတဲ့လင်မယားကိုစိုင်းဉာဏ်မေတ္တာသာပို့မိတော့သည်။ဘယ်နှယ့်မိုးတောင်မလင်းသေးဘူးသူတို့ကဖြစ်ပြီ ပြီးရင်ဘာမှမဟုတ် ယောကျ်ားရေ မိန်းမရေ ပြန်ဖြစ်သွားတာချည်း။

သူနိုးလာတာတော်သေးပေမယ့်ရောင်ဝါနိုးသွားရင်အဲ့လင်မယားမလွယ်။ကုတင်ပေါ်မှာလှဲနေတဲ့ကောင်လေးကိုကြည့်လိုက်တော့အောက်ပိုင်းကိုသူနဲ့အတူစောင်ခြုံထားပြီး အပေါ်ပိုင်းမှာတော့ စိုင်းဉာဏ်အမှတ်အသားပြုထားတဲ့အနီစက်တွေက ဟိုတစ်ကွက်ဒီတစ်ကွက်။သူညက ရောင်ဝါ့အပေါ်စိတ်ရှိတိုင်းလုပ်မိလိုက်တာဘဲ။

"အာ့...ကျွတ် ကျွတ်"

ဘေးအိမ်ကအသံကြောင့်ရောင်ဝါနိုးတစ်ချက်ဖြစ်လာပြီး အကြောဆန့်မည်အပြု နာကျင်မှုကြောင့်အသံပင်ထွက်မိတဲ့အထိ။

"ရောင်ဝါ နိုးပြီလား ခင်ဗျားအဆင်ပြေရဲ့လား"

စိုင်းဉာဏ်ပြောမှသတိထားမိသည်။သူနဲ့စိုင်းဉာဏ်ညက...။အား.... ရှက်လိုက်တာ

"ဟင် အင်း...ပြေတယ် မင်းကအလုပ်မသွားသေးဘူးလား သွားတော့လေ သွား"

"အခုမှ ၆နာရီဘဲရှိသေးတာဗျ ကျုပ်ကအစောကြီးဘာသွားလုပ်ရမှာလဲ"

မယုံသင်္ကာဖြင့် ခေါင်းရင်းနားကနာရီကိုကြည့်မိတော့ တကယ်မနက်၆နာရီသာရှိသေးသည် ။ရှက်ကိုးရှက်ကန်းဖြစ်နေတာမို့ဘာလုပ်ရမလဲ ရောင်ဝါတကယ်မသိတော့တာမို့ စောင်အောက်သာဝင်နေလိုက်မိ၏။

"ရောင်ဝါ ရှက်နေတာလား"

စောင်ထဲကနေ ခေါင်းခါပြ၏။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now